YBS အမှတ်၂၅ ယာဉ်မှောက်မှုကိုယ်တိုင်ကြုံတွေ့ရသူရဲ့ခြောက်ခြားဖွယ်အတွေ့အကြုံ
14 Jul 2017 1,320 Views
ဖြစ်စဉ်က ဒီလို-
၇/၈ လမ်းဆုံ (ကျောင်းဖက်က လာတဲ့အခြမ်း)မှာ ကျောင်းသားတချို့က ဆင်းချင်တယ် အဲတော့ ဘဲလ်တီးတယ် ဘဲလ်မမြည်ဘူး ကားပေါ်မှာ သီချင်းကလည်းပဲ ဖွင့်ထားတော့
ဆင်းမယ်လို့ အော်ပြောတာ ရှေ့က ဒရိုင်ဘာက မကြားဘူး
ကျောင်းသားတစ်ယောက်က အကျယ်ကြီးအော်လိုက်တာ ဒရိုင်ဘာက ဒေါသထွက်သွားတယ် (အဲဒါ တစ်ချက် )
လမ်းမကြီးဖက်လည်းရောက်ရော အတင်းကိုမောင်းရော
၃၀ကား နှစ်စီးကို လိုက်ပြီးပြိုင်မောင်းတယ်
အဲနှစ်စီးက မပြိုင်ဘူးနော်
သူပဲလိုက်ပြိုင်တာ
အဲအချိန် မှာ ကိုယ်က YBSအကြောင်းစဉ်းစားနေတာ
ခေါင်းကိုက်တယ်ဆိုပြီးမှ မျက်မှန်ကို ခြင်းတောင်းထဲထည့်ထားတယ် ဖုန်းရောပဲ
YBSပိုင်ရှင်တွေ အစိုးရဆိုင်ရာတွေ ရဲ့ သားသမီး တွေ YBSရော စီးရဲ့လားပေါ့
အဲဒါနဲ့ ကားက ပင်လုံဆေးရုံနောက်နားဖက်ရောက်လာပြီ
အဲ့နားမှာ တံတားသေးသေးလေးရှိတယ်
အဲတံတားနားမရောက်ခင် အကွေ့နားမှာ ချိုင့်ခွက် အကြီးကြီးရှိနေတယ်
အရှိန်နဲ့မောင်းလာတဲ့အရှိန်နဲ့ အဲ ချိုင့်ကိုလည်းရှောင်ရော
ကားနှိမ့်ဆင်းသွားတာ ကိုယ်သိလိုက်တယ်.အဖြစ်အပျက်က အိပ်မက်လိုပဲ ကားဘီးတစ်ဖက်က ကျွံဝင်သွားပြီ
အားလုံး လန့်လို့အော်ကြတယ်
ကိုယ်လည်းအလန့်တကြားနဲ့ ကိုယ့်သူငယ်ချင်း လက်မောင်းကိုလှုပ်ရမ်းလိုက်တယ်
ပါးစပ်က ဘာပြောမှန်းမသိတော့ဘူး
ထမင်းချိုင့်ရယ် ဖုန်းရယ် မျက်မှန် ရယ် ထည့်ထားတဲ့ ချိုင့်က အောက်ကျသွားရော
ဖုန်းကျသွားတော့ ကိုယ်လိုက်ရှာဖို့လုပ်သေးတယ်
ဒါပေမယ့် ကားမှောက်ရင် ပေါက်ကွဲတတ်တယ် ဆိုတဲ့ အသိဝင်နေတာမို့ အပြင်ရောက်ဖို့ပဲ အရင်ဆုံးကျိုးပမ်းမိတယ်
ကိုယ်က ပြတင်းပေါက် နားမှာထိုင်နေတယ် ဒရိုင်ဘာ နောက်ဖက်က လည်းဖြစ်နေမို့် ကံကောင်းသွားတယ်
ကိုယ့်ရှေ့ဖက်က ခုံမှာထိုင်နေတဲ့ အကိုကြီးတွေက အလျင်အမြန် ပဲ ဆင်းသွားကြတယ်
ကိုယ်ခုန်ဆင်းမယ်လုပ်တော့ မဆင်းရဲဘူး ကိုယ့်အရပ်ထက်မြင့်တယ် ခြေထောက်ကျိုးမှာကြောက်တယ် ကိုယ့်ထိုင်ခုံနောက်က ကောင်မလေးကတော့ ဝုန်းခနဲပဲ သူဆင်းသွားတယ် အောက်ဖက်ကြည့်တော့ အကိုတစ်ယောက်က သူချီပေးမယ် ဆင်းလာခဲ့တဲ့
အဲ့ဒါနဲ့ ခုန်ဆင်းလိုက်တယ် ဘယ်လိုဆင်းတယ်တောင်မသိတော့ဘူး ထမီလန်သွားလာတောင် ကိုယ်မကြည့်နိုင်တော့ဘူး
လမ်းမလယ်မှာ ထိုင်နေမိတယ်
ခုန်ဆင်းသွားတဲ့ကောင်မလေးက သွားမှာသွေးတွေနဲ့ ကိုယ့်ပါးစပ်မှာလည်းသွေးတွေ
အဲအချိန်မှာ ဘေးကသွားနေတဲ့ကားတွေအများကြီးပဲ ပုံမပျက်ဆက်သွားနေကြတယ်
ရောက်လာတဲ့လူတွေက ဓာတ်ပုံတွေဝိုင်းရိုက်ကြတယ် (တကယ်ဆို အထဲမှာ ကျန်တဲ့ လူတွေကို လိုက်ထုတ်ပေးရမှာလေ)
အဲရှေ့ဆုံးကထွက်တဲ့ အကိုကြီးတွေကပဲ တစ်ယောက်ပြီးတစ်ယောက်လိုက်ကြည့်ပေးတယ်
မျက်မှန် ပျောက်ပြီမို့ ကိုယ့်မှာ ဘာမှလည်းမမြင်ရ ဖုန်းတော့ပြန်ရလိုက်တယ်
စိတ်ကိုတော့မနည်းထိန်းလိုက်ရတယ် နှလုံး ခုန်မြန်တာထက် အလိုလိုမျက်ရည်ကျနေရောပဲ (မသေတာကံကောင်းလို့ပဲတွေးနေမိတယ်)
ဒီနေ့ ဒီလို accident ကြုံပေမယ့် မနက်ဖြန် ကျောင်းသွားဖို့ ဒီ၂၅လိုင်းကို ထပ်စီးရပြန်အုံးမယ်
(ကားပေါ်ပါလာသူတစ်ဦး)