BEC-TERO TV

ရွှေခြင်္သေ့ယာဉ်လိုင်းမှ မှန်လုံယာဉ် တစ်စီး ချောက်ထဲကျ တစ်ဦး သေဆုံး

13 Jul 2017     1,353 Views


ဖလမ်း-ဟားခါး လမ်းတွင် ရွှေခြင်္သေ့ယာဉ်လိုင်းမှ မှန်လုံယာဉ် တစ်စီး ချောက်ထဲကျ တစ်ဦး သေဆုံးခဲ့တဲ့ သတင်းကိုတင်ပြပေးလိုက်ပါတယ်။

ချင်းပြည်နယ် ဖလမ်း-ဟားခါး လမ်းတွင် ဇူလိုင် ၁၂ ရက် ညနေက ရွှေခြင်္သေ့ယာဉ်လိုင်းမှ မှန်လုံယာဉ် အမှတ် 2A.... သည် ကလေးမြို့မှ ဟားခါးမြို့သို့ မောင်းနှင်လာစဉ် ဖလမ်းမြို့အထွက် မိုင်တိုင် ၈၃ မိုင် ခြောက် ဖာလုံ အရောက်တွင် ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့ပြီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည် ။

“ကားက ညာဘက်ကနေ သွားရမှာကို ဘယ်ဖက်ကို ကျသွားတာ။ ဘယ်လိုဖြစ်တာကိုတော့ အဖြေပေးလို့ မရဘူး။ လမ်းကလည်း အကွေ့မှိုင်း တိုက်လို့လား သဘာဝဘေးကြောင့်လားဆိုတာ မသိရဘူး။ ကားဘီးရာ ဘေးတိုက်ဆွဲသွားတာဆိုတာကလည်း မိုးရာသီဆိုတော့ မသိရဘူး။ ခရီးသည် ငါးဦး၊ ယာဉ်မောင်း တစ်ဦး ပါတယ်။ သေတဲ့သူ တစ်ဦး ဖြစ်ပါတယ်။ သေတဲ့သူက ဘယ်သူမှန်း မသိဘူး။ ဒဏ်ရာရတဲ့သူတွေထဲက စိုးရိမ်စရာ သိပ်မရှိပေမယ့် တစ်ယောက်လောက်တော့ ဒဏ်ရာ ပြင်းထန်တယ် ပြောရမယ်။ မှန်လုံအကြီးပါ။ ကုန်တွေလည်း ပါတယ်။ ကုန်ကတော့ အများကြီးပဲ။ ယာဉ်ပေါ်ပါလာတာ အမျိုးသမီး တစ်ယောက်နဲ့ အမျိုးသား ငါးဦးပေါ့။ ဖြစ်တာက ညနေ ၃ နာရီ ၄၅ မိနစ်ခန့်မှာဖြစ်တာ” ဟု ဖလမ်းမြို့ခံတစ်ဦးက ပြောကြားသည်။

အဆိုပါယာဉ်အား ယာဉ်မောင်း ဦးတိတ်လျံ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ငါးဦး လိုက်ပါလာကြောင်း သိရသည်။ ယာဉ်တိမ်းမှောက်သည့် နေရာသို့ တာဝန်ရှိသူများနှင့် ဒေသခံများက သွားရောက် ကယ်ဆယ်ခဲ့ပြီး ဒဏ်ရာ ရရှိသူများကို ဖလမ်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Source: အောင်သူထွန်း - ကလေး

 


13 Jul 2017     1,353 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS