ဘုန်းကြီးကျောင်း ထဲက လောင်းကစားဒိုင်
13 Jul 2017 1,425 Views
၁၂-၇-၂၀၁၇ ရက်နေ့ ညနေ(၃)နာရီအချိန့်မှာ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အိမ်တော်ဘုရားတောင်ဘက် ဘုန်းကြီးကျောင်းတိုက်အတွင်းရှိ ကျောင်းတစ်ကျောင်းမှာ သက်ဆိုင်ရာမှ တိုင်တမ်းချက်အရ ဝင်ရောက်ရှာဖွယ်လိုကြောင်း သာ/ထိန် ဥက္ကဋ္ဌဆရာတော်ထံ လျှောက်ထားချက်အရ ကြွရောက်ကြရာ ခရိုင်တာဝန်ရှိ ဌာနများမှ ဝင်ရောက်ရှာဖွေ ဖမ်းဆီးရာ ၂+ ၃လုံး ၂-ဒိုင် အဖမ်းဆီးခံရပြီး ဒိုင်ငယ်များဟု သိရပါသည်။
ကျောင်းတိုက်အတွင်းရှိ ၂-၃-ဒိုင်များကို မြို့နယ်သံဃနာယကအဖွဲ့၏ ထုတ်ပြန် ဖြန့်ဝေထားသောစည်းကမ်းချက်များအရ (၃၁-၇-၂၀၁၇)ရက်နေ့တွင် နောက်ဆုံးထား၍ ကျောင်းတိုက်အတွင်းမှ ထွက်ခွာပေးကြမည်ဖြစ်ကြောင်း ကျောင်းတိုက်တာန်ရှိ ဆရာတော်မှ မိန့်ကြားပါသည်။
လက်ခံထားရှိသော ကျောင်းထိုင်ဘုန်းကြီးကို နောက်နောင် အချိန်များတွင် ၂-၃- ဒိုင်များကို လုံးဝလက်ခံ ထားရှိခြင်း မပြုတော့ပါကြောင်း မြို့နယ်သံဃနာယကအဖွဲ့ရုံတွင် ဝန်ခံကတိ လက်မှတ် ရေးထိုးလိုက်ရပါသည်။
Source: သာသနာထိန်းသိမ်းရေးအဖွဲ့ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။
Podted Cerdit-Uka Weinda