အီရတ်တပ်ဖွဲ့များမိုဆူးမြို့ကို ပြည်လည်သိမ်းယူထားနိုင်
13 Jul 2017 1,288 Views
အီရတ်တပ်ဖွဲ့တွေဟာ အစ္စလာမ္မစ်နိုင်ငံတော်ထူထောင်တယ်လို့ တစ်ဖက်သတ်ကြေညာထားတဲ့ အိုင်အက်စ်စစ်သွေးကြွတွေ လက်ထဲကနေမိုဆူးမြို့ကို ပြန်လည်သိမ်းယူနိုင်ပြီဖြစ်လို့ အောင်ပွဲခံနေကြပြီ ဖြစ်ပါတယ်။မိုဆူးမြို့ထဲမှာအိုင်အက်စ်အဖွဲ့ကအုပ်ချုပ်နေမှုကိုအခုလိုအဆုံးသတ်နိုင်ဖို့ အစိုးရတပ်တွေ ဟာ (၉)လကြာတိုက်ပွဲဆင်နွှဲခဲ့ရတာပါ။ဒါပေမဲ့ မြို့တွင်းကနေရာတစ်ချို့မှာအိုင်အက်တိုက်ခိုက်ရေး သမားတစ်ချို့ရှိနေနိုင်သေးတယ်လို့ယူဆရတယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြနေပါတယ်။ အီရတ်ဝန်ကြီးချုပ်အဘာဒီကိုယ်တိုင် မိုဆူးမြို့ကိုလာရောက်ခဲ့ပြီး တပ်ဖွဲ့တွေကို ဂုဏ်ပြုထားပါတယ်။
ဒါ့ပြင် ၀န်ကြီးချုပ်ဟာမိုဆူးမြို့အနောက်ပိုင်းမှာ ထိုးစစ်ဆင်တာတွေပြုလုပ်နေတဲ့ အစိုးရတပ် ကွပ်ကဲရေးမှူးတွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။အစိုးရတပ်ဖွဲ့တွေဟာ မိုဆူးမြို့ဟောင်းမှာ အိုင်အက်စ်စစ်သွေးကြွတစ်ယောက်မကျန်နှိမ်နင်းပြီးချိန်မှ မြို့သိမ်းတိုက်ပွဲအောင်မြင်မှုကို တရားဝင် ကြေညာဖို့ရှိနေပါတယ်။ လချီကြာမြင့်ခဲ့တဲ့ ဒီတိုက်ပွဲကြောင့် မိုဆူးမြို့မှာအပျက်အစီးတွေ ပြည့်နေခဲ့သလို မရေတွက်နိုင်တဲ့ အရပ်သားတွေလည်းသေဆုံးမှုတွေရှိခဲ့ပါတယ်။
သေဆုံးဒဏ်ရာရသူအရေအတွက် စာရင်းအတိအကျမရှိလို့ သေဆုံးသူတွေထဲမှာ တိုက်ပွဲတွေအတွင်းကျဆုံးသွားတဲ့ အီရတ်လုံခြုံရေးတပ်ဖွဲ့တွေလည်း အများဆုံးပါဝင်နိုင်ချေရှိနေ ပါတယ်။ဒီလိုသေဆုံးမှုစာရင်းဇယားအတိအကျမရှိပေမဲ့ တိုက်ပွဲတွေအတွင်းကျဆုံးသူ အရေအတွက် မှာ ဒီတိုက်ခိုက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့တဲ့အီရတ်အကြမ်းဖက်မှု တန်ပြန် တိုက်ခိုက်ရေးအဖွဲ့က ဆုံးရှုံးမှု ၄၀ ရာခိုင်နှုန်းအထိရှိနိုင်တယ်လို့သိရပါတယ်။