BEC-TERO TV

မဟန ၏ညွှန်ကြားချက်ကို လက်မခံကြောင်း မန္တလေး မဘသ ဦးဆောင်ဆရာတော်များကြေငြာ

12 Jul 2017     1,472 Views


ဇူလိုင်လ ၁၂ ရက်(ယနေ့)တွင် မန္တလေး မဟာအောင်မြေမြို့နယ် မဟာဝိဇယျကျောင်းတိုက်တွင် အရေးပေါ် အစည်းအဝေးပြုလုပ်ပြီး မဟန ၏ညွှန်ကြားချက်ကို အေးဆေးရင်ဆိုင်မှာဖြစ်ပြီး ရှောင်ထွက်သွားမှာ မဟုတ်ဘူးလို့ မန္တလေးတိုင်းဒေသကြီး မဘသအဖွဲ့ ဦးဆောင်ဆရာတော်တွေက ပြောကြားလိုက်ပါတယ်။


ဇူလိုင်လ ၉ ရက်နေ့ကလည်း မန္တလေးတိုင်းဒေသကြီး မဘသ အဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်လို့ မဘသ ဆိုင်းဘုတ်ကို ဖြုတ်မှာမဟုတ်ဘူးလို့လည်း ကြေငြာချက်ထုတ်ပြန်ထားပါတယ်။


မဟန ကြေငြာချက်တခုထဲနဲ့မဘသအဖွဲ့ဆိုင်းဘုတ်ကို အကြမ်းဖက် ဖြိုခွင်းလာမယ်ဆိုရင် နောက်ဆက်တွဲပြသနာတွေဟာ အစိုးရရဲ့ တာဝန်သာဖြစ်တယ်လို့လည်း ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ထည့်သွင်းထားပါတယ်။


အဆိုပါကြေငြာချက်နဲ့ပတ်သက်ပြီး မန္တလေးတိုင်း သံဃနာယကအဖွဲ့က မဟာဝိဇိယစာသင်တိုက်မှာ အစည်းအဝေးခေါ်ယူ ညှိနှိုင်းဆွေးနွေခဲ့ပေမယ့် မန်း မဘသ အမည်နဲ့ ဆက်လက်ရပ်တည်မှာဖြစ်တယ်လို့ အကြောင်းပြန်ခဲတယ်လို့လည်းသိရပါတယ်။

မဘသ (အထက်မြန်မာပြည် ) ရုံးကို မန္တလေးမြို့ကင်းဝန်မင်းကြီး ကျောင်းတိုက်မှာ ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

DVB

 


12 Jul 2017     1,472 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS