မိန်းကလေးကို ခြေတော်တင်ခံရတယ်လို့ ပြောကြတာ ဘယ်လိုမျိုးလဲ....?
12 Jul 2017 2,085 Views
ခြေတော်တင်ခံရခြင်း ။ ။
စကားလုံးများ၏ရင်းမြစ်(၁)
မင်းတုန်းမင်းတြားကြီးတွင်
မိဖုရား၊ မောင်းမ၊ မိဿ ကိုယ်လုပ်တော်
၁၉၆ ပါး ရှိတော်မူသတတ်။
ညနေတိုင်လျှင်
အဆောင်ရ နန်းရ မိဖုရားများမှတစ်ပါး
အခြား
ကိုယ်လက် သန့်ရှင်းကုန်သော မောင်းမ၊ မိဿံ
ကိုယ်လုပ်တော် တို့သည်
နန်းတော် လေသာဆောင်၌ နေ၍
မင်းကြီးအား ခစား ၀င်ကြရလေသတတ်။
မောင်းမ၊ မိဿ ကိုယ်လုပ်တော်တို့သည် ဒူးတုတ်၍
ပျပျဝပ်တွား ခစား ကြရလေ သတတ်။
မင်းကြီးသည် မည်သည့်အတွက်ကြောင့် မသိ။
လေသာဆောင်သို့ အနောက်လှေကားမှ တက်၏။
ထို့ကြောင့်လည်း
ပျပျဝပ်တွားနေသော မိန်းမ အပေါင်း
တို့ကို နောက်ကသာ မြင်ရလေ၏။
မင်းကြီးသည်
မိန်းမများကြား လမ်းလျှောက်ပြီးလျှင်
မိန်းမ တစ်ဦး၏ ကျော အပေါ်သို့ ညာခြေတော်ကို
မြှောက်လျက် ညင်သာစွာ တင်တော်မူ၏။
ထို အတင်ခံရသော
မိန်းမသည် မင်းကြီးအား မော်ဖူးခွင့် မရလေဘဲ
ဝပ်တွားမပျက် နောက်သို့ တရွေ့ရွေ့ဆုတ်ကာ
စက်ရာခန်းသို့ ၀င်၍
မင်းကြီးအား ..
ပြု စုရန် စောင့်ရလေသတတ်။
ဤသည်ကိုပင်...
ယနေ့ခေတ် အခါ၌ အမျိုးသမီးများ အဓမ္မပြုကျင့်ခံရ
သည် ရှိသော်...
မည်သူတော့ဖြင့် ခြေတော်တင် ခံလိုက်ရသည်
ဟု ပြောဆို သုံးနှုန်းကြလေ၏။
နှောင်းလူတို့ မှတ်သားကြကုန်လော့...။
Source:ကိုဂလက်ဇီ