BEC-TERO TV

တက္ကသိုလ်​​ကျောင်းသားမှတ်​ပုံတင်​ကဒ်​ပြားဖြင့် YBS ယာဉ်လိုင်းတိုင်းကို ငွေတစ်ရာကျပ်ဖြင့်စီးနိုင်

12 Jul 2017     1,389 Views


၁၁.၇.၂၀၁၇ (အင်္ဂါ​နေ့) လျှပ်​စစ်​၊ စက်​မှုလက်​မှု့နှင့်​ လမ်းပန်းဆက်​သွယ်​​ရေး ၀န်​ကြီး​ ဒေါ်နီလာ​ကျော်
နှင့်​​ ရန်ုကုန်​အ​နောက်​ပိုင်းနည်းပညာတက္ကသိုလ်​​မှ ပါ​မောက္ခချုပ်​ ဒေါက်​တာကြည်​စိုး၊ ဒုပါ​​မောက္ခချူပ်
ဒေါက်​တာ​ကျော့ခင်​နှင့်​​ မော်​ကွန်းထိန်း၊ ဌာနမှူးများ အတန်းကိုယ်​စားလှယ်​များနှင့်​ ရန်​ကုန်​အ​နောက်​ပိုင်း
နည်းပညာတက္ကသိုလ်​​ ကျောင်းသားသမဂ္ဂ အလုပ် အမှု့​ဆောင်​အဖွဲ့​တို့သည်​ ရန်​ကုန်​အ​နောက်​ပိုင်း
နည်းပညာတက္ကသိုလ်​ အစည်းအ​ဝေးခန်းမ​တွင်​​​​​ သယ်​ယူပို့​ဆောင်​​ရေးလွယ်​ကူရန်​ကိစ္စ၊ လျှပ်​စစ်​မီး
မှန်​​စေရန်​ကိစ္စနှင့် ရန်​ကုန်​-ပုသိမ်​ကားလမ်းမှတက္ကသိုလ်​အ၀င်​လမ်းပြုပြင်​ရန်​ကိစ္စတို့ကို​ဆွေး​နွေး
တိုင်​ပင်​ခဲ့သည်​။

အထက်ပါ အစည်းအဝေးမှ
၁။တက္ကသိုလ်​​ကျောင်းသားမှတ်​ပုံတင်​ကဒ်​ပြားပြသ၍မည့်​သည့်​ယာဉ်​လိုင်းမဆို ၁၀၀ကျပ်​ဖြင့်​သာ
၁၃.၇.၂၀၁၇(ကြာသပ​တေး​နေ့)မှ စတင်​၍စီးနင်းလိုက်​ပါနိုင်​မည်​ဖြစ်ကြောင်း။

၂။ကျောင်းအ၀င်​လမ်းကိုစည်​ပင်​အရာရှိများနှင့်​ညှိနှိုင်း၍အမြန်​ဆုံးပြင်​ဆင်​​ပေးမည်​ ဖြစ်ကြောင်း။

၃။ထို့ပြင်​ ယာဉ်​လိုင်းနံပါတ်​ (၈၃)ကို ၁၃.၇.၂၀၁၇(ကြာသပ​တေး​နေ့)မှ စတင်​​ပြေးဆွဲမည်​။

၎။စည်းကမ်း​မလိုက်​နာ​​သော ယာဉ်​လိုင်းများအား ထိ​ရောက်​စွာ အ​ရေးယူ​နေသည်​ဟု​ယ​နေ့​တွေ့ဆုံပွဲ၌
ဝန်​ကြီး​​ဒေါ်နီလာ​ကျော်​မှ​ ပြောကြားခဲ့သည်​။

မှတ်​ချက်​။YBSယာဉ်​လိုင်းများနှင့်​ ပတ်​သတ်​၍ အဆင်​မ​ပြေမှု့တစုံတရာရှိပါက ​ကျောင်းသားသမဂ္ဂ
ရုံးခန်း ၇/၁-၃ သို့ ထမင်းစားချိန်​(​သို့မဟုတ်​ )​ ရန်​ကုန်​အ​နောက်​ပိုင်းနည်းပညာ တက္ကသိုလ်​​ကျောင်းသား
သမဂ္ဂ ၏တရားဝင်​ facebook စာမျက်​နှာမှတဆင့်​ ကားနံပါတ်​၊ယာဉ်​လိုင်းနံပါတ်​၊ပြစ်​မှု့များကို
ရေးသားတိုင်​ကြားနိုင်​ပါသည်​။


Source: ရန်​ကုန်​အ​နောက်​ပိုင်းနည်းပညာတက္ကသိုလ်​​ကျောင်းသားများသမဂ္ဂအလုပ်​အမှု့​ဆောင်​အဖွဲ့(ယာယီ)

 


12 Jul 2017     1,389 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS