ပြည်သူ့ဝန်ထမ်းများအတွက် သင့်တင့်မျှတသော လုပ်ခလစာရရှိအောင် အစွမ်းကုန် ကြိုးပမ်းပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
11 Jul 2017 1,286 Views
ဇူလိုင်လ ၁၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သော နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် ထုတ်ပြန်သည့် အခမ်းအနား၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ပြည်သူ့ဝန်ထမ်းအများစုရဲ့ လုပ်ခလစာနှုန်းထားဟာ တခြား နယ်ပယ်တွေက ဝန်ထမ်းတွေနဲ့ နှိုင်းယှဉ်ရင် နိမ့်ကျနေသေးတယ် ဆိုတာကို ကျွန်မတို့ သိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်း လင်းပဲ ပြောပြလိုပါတယ်။ ဒီ ပြဿနာကို ချက်ချင်းဖြေရှင်းပေး နိုင်မယ့် နည်းမရှိသေးပါဘူး။ လုပ်ခလစာတိုးမြှင့်ပေးတဲ့အခါ မှာ လေးလေးနက်နက် စဉ်းစား သုံးသပ်ပြီး ရေရှည်တည်တံ့ အောင် ဖြည်းဖြည်းချင်း တိုးမြှင့် ပေးရမှာ ဖြစ်တဲ့အပြင် နိုင်ငံတော် ရဲ့ ရသုံးမှန်းခြေငွေစာရင်း အခြေ အနေနဲ့အညီလည်း ဆောင်ရွက်ရပါတယ်” ဟု ပြောကြားခဲ့သလို
“လစာ တိုးမြှင့်ရေးဟာ ကျွန်မတို့ ဝန်ထမ်းတွေမျှော်လင့် သလို ချက်ချင်းမဖြစ်နိုင်သေးပေ မယ့် နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူ့ဝန်ထမ်းတွေကို တခြား နည်းလမ်းတွေနဲ့ ပံ့ပိုးပေးမှာဖြစ် ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အလုပ်ခွင်ဖန်တီးခြင်း၊ မိသားစုဝင်တွေ အတွက် နေမှုထိုင်မှုအခြေအနေတွေ ပိုပြီးကောင်းမွန်လာခြင်း တို့ဖြစ်မြောက်ဖို့ ကြိုးပမ်းဆောင် ရွက်မှာ ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ဝန်ထမ်းများအကြား အရိုးစွဲ တွင်ကျယ်နေသည့် အတွေးအခေါ်တစ်ခုဖြစ်သော ‘မလှုပ်၊ မရှုပ်၊ မပြုတ်’ ခံယူထားသူများအား “ဒီမိုကရေစီစနစ်မှာ ‘မလုပ်၊ မရှုပ်၊ မပြုတ်’ အတွေးအခေါ်အ တွက် နေရာမရှိနိုင်ပါဘူး” ဟု ပြတ်ပြတ်သားသား သတိပေးပြောကြားခဲ့သည်။
Ref: 7DayDaily
ဓါတ်ပုံ-ဟိန်းထက်(အီးပီအေ)