မျက်စိနှစ်ဖက်စလုံး ဘာမှမမြင်ရဘဲ မျက်အိမ် အတွင်းမှ ရှေ့သို့ ပြူးထွက်လာတဲ့ ကလေး
10 Jul 2017 1,488 Views
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့ နယ် အမှတိ( ၁၂ )ရပ်ကွက်စပယ်လမ်း စိုက်ခင်းတွင် နေထိုင်လျှက်ရှိသော ဖခင် ဦးခိုင်ဇော်လင်း နှင့် မိခင်ဒေါ်ခင်သူဇာအေး တို့ ၏သားဖြစ်သူ မောင်စိုင်းလင်းထွန်း အသက် ( ၇နှစ် ) သာရှိ၍ အ .မ. က ( ၃၈ ) လှော်ကား တွင်ပထမတန်းသင်ကြားနေသော ကလေးငယ်သည် ယခုအခါ နှာခေါင်းအတွင်းတွင် အကြိတ်ဖြစ်ကာ ဆရာဝန်များက ကင်ဆာဟုသတ်မှတ်ပြီး မျက်စိနှစ်ဖက်စလုံး ဘာမှမမြင်ရပဲမျက်အိမ် အတွင်းမှ ရှေ့ သို့ ပြူးထွက်ကာ ကလေးအရွယ်နှင့် မဆန့် သော ရောဂါဝေဒနာ ခံစားနေရသည်မှာ ( ၁ လ) ဖြစ်နေပါသည် ။ မိဘ များမှာလည်း ကန်စွန်းရွက် ရောင်း၍အသက်မွေး ဝမ်းကျောင်းပြုရင်းတတ်နိုင်သလောက် ကလေး၏ရောဂါ ပျောက်ကင်းရန် ကုသပေးပါသည်။
သို့ သော်လည်း ကလေး၏ ရောဂါဝေဒနာမှာ သက်သာခြင်းမရှိ ပဲတနေ့ တခြားပိုဆိုးလာပါသည် မိဘများမှာလဲ ဆင်းရဲ နွမ်းပါ ချို့ တဲ့နေပါသဖြင့် ဆေးကုသမှု စရိတ်အဆင်မပြေ ဖြစ်ကာ အခက်အခဲ တွေ့နေရပါသည်။ သို့ ဖြစ်ပါ သောကြောင့် သားလေး မောင်စိုင်းလင်းထွန်း ၏ ရောဂါ ဝေဒနာအား သက်သာပျောက်ကင်းလာရန် ဝိုင်းဝန်းကူညီ၍ ဆေးကုသလှူဒါန်းပေးကြပါရန်လေးစားစွာဖြင်အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။လှူဒါန်းလိုသူများအောက်ပါဖုန်းနံပါတ် များကိုဆက်သွယ် စုံစမ်းမေးမြန်းလှူဒါန်းနိုင်ပါသည် ကျေးဇူးအထူးတင်ရှိပါသည်။
09262064032 -ဒေါ်သူဇာ
09 459142969 - ကိုကျော်
09456325977 ဦးတင်ဌေး
09951201135 ဒေါ်မြမြဝင်း
Source :ကျိုက်ထိုသား လင်းထွန်း