ပုဂ္ဂလိက YBS ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနှင့် စပါယ်ယာများကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီး သတိပေး
08 Jul 2017 1,341 Views
ဇူလိုင်လ ၇ ရက်၊ မနေ့ကနေ့လည် ၂ နာရီအချိန်ခန့်က မင်္ဂလာဒုံမြို့နယ် ရွှေညောင်ပင်အနီးတွင် YBS နှစ်စီး ပြင်းထန်စွာတိုက်ခဲ့ပြီး ခရီးသည်များ သေဆုံးဒဏ်ရာရမှုနှင့် ပက်သက်ပြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က သူမ၏ လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်မှ ပုဂ္ဂလိက YBS ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနှင့် စပါယ်ယာများကို ပြင်းထန်စွာ သတိပေးခဲ့သည်။
ဒီနေ့YBS ၅၅ နှင့် ၃၇ တိုက်တဲ့ကိစ္စအဖြစ်မှန်သိရအောင်တင်ပြတာပါ။
YBS ၃၇ယာဉ်လိုင်းကကိုယ့်လမ်းမှာကိုယ်မှန်မှန်ကန်ကန်မောင်း
နေရင်းအတိုက်ခံရတာပါ။ ၃၇ယာဉ်လိုင်းကကားသစ်တွေဖြစ်ပြီး ယခင်BRT LITE ကားလိုင်း
ဖြစ်ပါတယ်။ကားဒရိုင်ဘာတွေကလခစားတွေဖြစ်ပါတယ်။
ကားတွေကို GREEN GUARDIAN INSURANCE Co. မှာ အလုံးစုံအာမခံထားပါတယ်။ အစိုးရပါဝင်သော အများပိုင်ကုမ္ပဏီယာဉ်လိုင်းဖြစ်ပါတယ်။
YBS ၅၅ ယာဉ်လိုင်းကကိုယ်ရကိုယ်ယူစနစ်နဲ့မောင်းနေတဲ့ 1998 Model ISUZU ကားဟောင်း လက်ယာစတီယာရင် ဘယ်ဖက်အပေါက်နဲ့ကားဖြစ်ပါတယ်။
၅၅ကားချင်း ပြိုင်မောင်းတာကနေ တိုင်းရော့ပြုတ်ပြီးမျက်နှာချင်းဆိုင်ယာဉ်ကြောကို
ဝင်ပြီးလမ်းမှန်မောင်းလာတဲ့ ၃၇ ယာဉ်လိုင်းကားကိုခေါင်းကနေ နောက်ပိုင်းအထိ တစီးလုံးတိုက်ချတာပါ။
အမျိုးသား၆ဦးနှင့်အမျိုးသမီး၃ဦးသေဆုံးပါတယ်။ သေဆုံးသူအမျိုးသမီးလေးတဦးက မှော်ဘီနည်းပညာတက္ကသိုလ်မှ ကျောင်းသူဖြစ်ပါတယ်။
ဘယ်သူသေသေ ကိုယ်မာချင်တဲ့ငတေတွေဖြစ်တဲ့ ကားအုံနာဒရိုင်ဘာ စပယ်ယာအားလုံး။ ကိုယ်ရကိုယ်ယူစနစ်ကို ဆက်အသက်သွင်းဖို့ ကျိုးစားနေသူအားလုံးကိုပြင်းထန်စွာသတိပေးလိုက်ပါတယ်။
ဟု ရေးသားဖော်ပြခဲ့ပါတယ်။
Source: Nilar Kyaw (ဒေါ်နီလာကျော်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး)