BEC-TERO TV

အားပေးသူများပြားလှသည့် တရုပ်နိင်ငံက တင်ပါးအလှပြိုင်ပွဲ

08 Jul 2017     1,443 Views


ဘရာဇီးနိုင်တွင် နှစ်စဉ်ကျင်းပလေ့ရှိသော ကမ္ဘာကျော် တင်ပါးအလှပြိုင်ပွဲ Miss Bum Bum ကို တရုပ်နိုင်ငံက အားကျအတုခိုးပြီး လူစည်ကားသော ဈေးဝယ်စင်တာကြီးများတွင် အမျိုးသမီးငယ်လေးများနှင့် ကျင်းပလျှက်ရှိသည်။ တင်ပါးအလှကို ဦးစားပေးရသည့် ပြိုင်ပွဲဖြစ်တာကြောင့် အမျိုးသားအများစုက အထူးအားပေးခဲ့ကြသည်။
 

 

တရုပ်နိုင်ငံတွင်တော့ တင်ပါးအလှပြိုင်ပွဲဟု ခေါင်းစဉ်ပေးထားပြီး တင်ပါးဖော်ထားသည့် အလှမယ်မိန်းမပျိုလေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အားပေးကြည့်ရှုသူ အလွန်များပြားခဲ့သည်။
 
တရုတ်နိုင်ငံတွင် လွန်ခဲ့သည့်အနှစ် ၂၀ ခန့်က ကမ်းခြေ၌ မိန်းမပျိုလေးတစ်ဦးက ဘီကီနီဝတ်လျှင်ပင် မနှစ်သက်သည့် အကြည့်များဖြင့် ကြည့်တတ်ကြသော်လည်း ယခုအခါ အလှမယ်လေးများက လူစည်ကားရာနေရာ၌ အလှမယ်ပြိုင်ပွဲပင် ကျင်းပနေကြပြီဖြစ်သည်။

 

ဘေဂျင်းအခြေစိုက် အားကစားကလပ်တစ်ခုဖြစ်သော Saipu က ဦးဆောင်၍ ပြိုင်ပွဲပေါင်းငါးခုကျင်းပခဲ့ပြီး တာဝန်ရှိသူတစ်ဦးက ''ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ ဖျော်ဖြေမှုတွေကို ပုံစံအသစ်တစ်မျိုးနဲ့မြင်တွေ့ချင်နေကြပါပြီ''ဟု ဆိုသည်။
၎င်းတို့က ဘရာဇီး၏ Miss Bum Bum ပြိုင်ပွဲကိုကြားဖူးခဲ့ခြင်းမရှိဘဲ အားကစားခန်းမတွင် တင်ပါးလှစေရန် လာကစားကြသည့် မိန်းမပျိုလေးများမှတစ်ဆင့် တင်ပါးအလှပြပြိုင်ပွဲကျင်းပရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
 


လျောင်နင်းပြည်နယ် ရှန်ယန်းမြို့၌ နောက်ဆုံးကျင်းပခဲ့သည့်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၅၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်ခုတည်းသောစည်းမျဉ်းမှာ တင်ပါးကြီးအောင်ဆေးထိုးထားခြင်းမရှိဘဲ သဘာဝတင်ပါးဖြစ်ရန်သာ လိုအပ်သည်။

 


ဒိုင်ခုနစ်ဦးက တင်ပါးများ၏လုံးဝန်းမှု၊ ရှိုက်ဖိုကြီးငယ်အနေအထားနှင့် ကြံ့ခိုင်မှုတို့ကိုတိုင်းတာ၍ အဆုံးအဖြတ်ပေးသွားမည် ဖြစ်သည်။ ဘေဂျင်းမြို့နှင့်ရှန်ယန်းမြို့ရှိ ပြိုင်ပွဲများ၌ အနိုင်ရရှိသူများသည် ၇၃၉ ဒေါ်လာဆုငွေရရှိခဲ့သည်။ 


 


08 Jul 2017     1,443 Views




RELATED

Most Popular of Special or Others

Most Popular of NEWS