BEC-TERO TV

စက်မှုဇုန်များတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကို ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီက ဒဏ်ကြေးကောက်ခံတော့မယ်

06 Jul 2017     1,393 Views


ရန်ကုန်မြို့တွင်းရှိ စက်မှုဇုန်တွေမှာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု၊ရေဆိုးစွန့် ပစ်တာတွေနဲ့ ပတ်သက်ပြီး အခုဇူလိုင်လကစပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ဒဏ်ကြေးငွေ အနည်းဆုံးကျပ်(၅)သောင်းကနေ အများဆုံး(၃)သိန်းကျပ်အထိ ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။စည်းကမ်းမဲ့စွာအမှိုက်စွန့်ပစ်တဲ့ စက်မှုဇုန်အမျိုးအစားတွေအလိုက် ဒဏ်ကြေးများကို အနည်းဆုံးငွေကျပ်ငါးသောင်းမှ သုံးသိန်းအထိပေးဆောင်ရမယ်လို့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက သတ်မှတ်ထားပါတယ်။

ဒီလိုဒဏ်ကြေးကောက်ခံမှုပြုလုပ်ဖို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက စက်မှုဇုန်တွေကို ပြီးခဲ့တဲ့ ဇွန်လကတည်းက အကြောင်းကြားစာတွေပို့ ပေးထားပြီး ဖြစ်တယ်လို့သိရပါတယ်။စည်းကမ်းမဲ့စွာအမှိုက်စွန့်ပစ်ရင် ဒဏ်ကြေးပေးဆောင်ဖို့အတွက် စက်မှုဇုန် တွေကို သုံးကြိမ်သတိပေးသွားမှာဖြစ်ပြီး ဒဏ်ကြေးပေးဆောင်မှုမရှိရင်တော့ လုပ်ငန်းလိုင်စင်ပိတ်သိမ်း တဲ့အထိ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ စက်မှုဇုန်တွေမှာ စည်းကမ်းမဲ့ အမှိုက်ပစ်တာတွေ၊ရေဆိုးစွန့်ပစ်တာတွေနဲ့ပတ်သက်ပြီး ဒဏ်ကြေးကောက်ခံတာအခု ပထမဆုံး အကြိမ်ဖြစ်တယ်လို့သိရပါတယ်။စက်မှုဇုန်တွေမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေဖြစ်စေတဲ့ လေထု ညစ်ညမ်းတာတွေနဲ့ပတ်ဝန်းကျင်ညစ်ညမ်းတာတွေမဖြစ်အောင် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနအနေနဲ့ ဆောင်ရွက်သွားမယ်လို့  သိရပါတယ်။


06 Jul 2017     1,393 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS