BEC-TERO TV

ဗိုလ်ချုပ်အောင်ဆန်း၏သားဖြစ်သူ အောင်ဆန်းလင်း၏ လက်ရေးမူများကို အာဇာနည်နေ့တွင် ပြသမည်

06 Jul 2017     1,898 Views


မြန်မာနိုင်ငံ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သားဖြစ်သူ အောင်ဆန်းလင်းကိုယ်တိုင် ကွယ်လွန် မည့်နေ့က စာသင်ရာအတန်းထဲတွင် ရေးခဲ့သော ရေနစ်သူတစ်ဦးအား မည်သို့ ကယ်တင်ရမည့် အကြောင်းအရာပါဝင် သည့် လက်ရေးမူများကို ယခုလာမည့် အာဇာနည်နေ့တွင် ဗိုလ်ချုပ်ပြတိုက်၌ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

''သူရေးခဲ့တဲ့လက်ရေးမူလေးတွေ ပေါ့နော်။ အထူးသဖြင့် သူကွယ်လွန်မယ့်နေ့က ကျောင်းမှာသင်ခဲ့တဲ့မြန်မာစာ၊ အင်္ဂလိပ်စာတွေကို ပြသွားမယ်။ အင်္ဂလိပ်စာမှာဆိုရင် ရေနစ်တဲ့လူတစ်ယောက်ကို မင်းအနည်းဆုံးသတိရနေရမယ်။ ရေနစ်တဲ့လူတစ်ယောက်ကို ကယ်မယ်ဆိုရင် နောက်ဘက်က ကယ်ရမယ်။ ရှေ့ဘက်က ကယ်မယ်ဆိုရင် မင်းပါဆွဲမြှုပ်ခံရမယ်ဆို တဲ့ ပုံစံမျိုးရေးထားတာ။ ဒါတွေကိုဆိုရင် Speငial ပြသွားမယ်” ဟု ဗိုလ်ချုပ်ပြတိုက် တာဝန်ခံဒေါ်သီသီသောင်းက ပြောကြားသည်။

မိမိတို့အနေဖြင့် အမျိုးသားပြတိုက် တွင် ဓာတုဗေဒဓာတ်ခွဲ၍ ပြန်လည်သန့် စင်ထားသော အောင်ဆန်းလင်း၏ ကျန်ရစ်သည့်အဝတ်အစားများကိုလည်း ပြသပေးထားမည်ဖြစ်ကြောင်း ဆက်လက်ရှင်းပြသည်။

အောင်ဆန်းလင်းကို အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့မှ ၁၉၄၄ ခုနှစ် မေလ ၁၀ ရက်တွင် မွေးဖွားခဲ့ခြင်းဖြစ်ကာ မွေးချင်း သုံးဦးအနက် ဒုတိယမြောက်သားဖြစ်ကြောင်းနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုအရင်းလည်းဖြစ်ကာ အသက်ရှစ်နှစ်ကျော်အရွယ်၊ ၁၉၅၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက် က နတ်မောက်လမ်းရှိ ဗိုလ်ချုပ်နေအိမ်တွင် ရေနစ်ဆုံးပါးခဲ့ရသည်။

ပြည်မြန်မာ
 


06 Jul 2017     1,898 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS