BEC-TERO TV

မိဘတိုင်း သတိထားသင့်တဲ့ ကစားစရာကပေးတဲ့ အသက်ရှူလမ်းကြောင်းအန္တရာယ်

06 Jul 2017     1,377 Views


"မိမိတို့ သားသမီးများသတိထားဖို့ ပါရှင်…မြေးရှိနေတော့အရာရာဟာ သတိတွေပါပိုတယ်မရှိ လေ့လာ ထားရတာပေါ့ …

ဦးစိုးရဲ့ဒုတိယမြောက်မြေးလေးဖိုးချစ်(ခ)နေသစ်ထူးအထက၅ကမာရွတ်ပဉ္စမတန်းကသည်သူငယ်ချင်းများနှင့်ဆော့ကစားကြရင်း ပီပီမှုတ်၍ရသောကော်ဖြင့်ပြုလုပ်ထားသည့်"ရှခင်"လေးမှာမတော်တဆအသက်ရှူလမ်းကြောင်းအတွင်းဝင်သွား၍ဟယ်လ်ပင် ခလေးဆေးရုံကြီးအရေးပေါ်ဋ္ဌာနတွင်၃-၆-၂၀၁၇-ရက်နေ့တွင်တက်ရောက်ဆေးကုသမှုခံယူနေရပါသည် အဆိုပါရှခင်-လေးမှာ အစာအိမ်လမ်းကြောင်းထည်းသို့ ဝင်ရောက်သွားလျှင် ပြဿနာမရှိလှသော်လည်းယ္ခုကဲ့သို့ အသက်ရှူလမ်းကြောင်းအတွင်း ဝင်ရောက်သွားသည်ဖြစ်၍ ခလေးအတွက် အလွန်အန္တရာယ်များလှကြောင်း
ခလေးဆေးရုံကြီးတာဝန်ရှိသူ ပါရဂူကြီးများမှ ရှင်းလင်းပြောပြကြ၍သိရှိပါသည် ဆေးကုသမှုခံယူနေစဉ် အသက်
ရှူလမ်းကြောင်းအတွင်းရှိ ၎င်းရှခင်လေးအား နှစ်ကြိမ်တိုင်တိုင် လေဖြင့်စုတ်ထုတ်ခဲ့သော်လည်းမအောင်မြင်ခဲ့ပါ။

ထို့ ကြောင့် ခလေးအထူးကုဆရာဝန်ကြီများခွဲစိတ်ပါရဂူကြီးများ ညှိုနှုင်းဆုံးဖြတ်ခါ ယနေ့ နံက်---
၁၁:၃၀-နာရီတွင် ခလေးရင်ခေါင်းအား အကြီးစားခွဲစိတ်ထုတ်ယူရန်စီစဉ်ဆုံးဖြတ်ခဲ့ကြပါသည် စီစဉ်ထားသည့်
အတိုင်း -၁၁:၃၀-နာရီတွင် မြေးဖြစ်သူဖိုးချစ်အား ခွဲစိပ်ဆောင်အမှတ်-၁-သို့ ခေါ်ယူခွဲစိပ်ရန် ပြင်ဆင်မှုများအချိန်နှင့်တပြေးညီစ,တင်ဆောင်ရွက်ကြပါသည်။

ခွဲစိပ်ခန်းအတွင်းဝင်ရောက်ပြီး -၂၈-မီးနစ်အကြာ တာဝန်ရှိဆရာဝန်ကြီးတဦးမှ လူနာရှင်ဖြစ်သူများ
အားလာရောက်တွေ့ ဆုံနိုင်ပါရန် ခေါ်သည့်အတွက်ရွတ်ဆိုလက်စ,ဘုရားစာများရပ်နား၍ ဦးစိုး ဒေါ်သက်ကြီးနဲ့ 
ဖိုးချစ်ရဲ့ အဒေါ်ဖြစ်သူတို့ အရေးပေါ်ခွဲစိပ်ခန်းအဝင်ဝတွင်အသင့်စောင်နေသောဆရာဝန်ကြီးမှ လူနာခလေးနှင့်
ပါတ်သက်၍ အောက်ပါအတိုင်းပြောဆိုရှင်းပြခဲ့ပါသည်။

ခလေးရဲ့ အသက်ရှူလမ်းကြောင်းအတွင်းမှပစ္စည်းအား-၂-ကြိမ်တိုင် လေဖြင့်စုတ်၍ ထုတ်ကြည့်ခဲ့ရာမအောင်မြင်ပါသဖြင့် ယ္ခုကဲ့သို့ရင်ခေါင်းအကြီးစားခွဲစိပ်၍ထုတ်ယူရန်စီစဉ်ခဲ့ကြရပါကြောင်းသို့ဖြစ်၍မခွဲစိပ်မီမီးနစ်ပိုင်းလေးအတွင်းနောက်ဆုံးအကြိမ်လေဖြင့်စုတ်
ထုတ်ကြည့်ရန်ဆုံးဖြတ်၍စုတ်ထုတ်ကြည့်ရာကံကောင်းထောက်မ,စွာစုတ်ယူရရှိအောင်မြင်သွားပါကြောင်းထွက်ရှိလာသည့်ပစ္စည်းနဲ့ အတူ ဝမ်းသာစကားပြောကြားခဲ့ပါသည်။

ပျော်တာပေါ့ဗျာ ရင်ထည်းကအလုံးကြီးလည်းတခါထည်းဘယ်ပျောက်သွားမှန်းတောင်မသိလိုက်ဘူးဗျာ
ခလေးဆေးရုံကြီးမှ အထူးကုပါရဂူကြီးများ ခွဲစိပ်ပါရဂူကြီးများဆရာဝန် ဆရာမနဲ့ ဝန်ထမ်းများအားလုံးကိုအထူးပင်ကျေး
ဇူးတင်ရပါကြောင်းနဲ့  မြေးလေးဖိုးချစ်အတွက် ဝိုင်းဝန်းဆုတောင်မေတ္တာ ပို့ သပေးကြပါသော သာသနာ့ဝန်ထမ်း
ဆရာတော်သံဃာတော်ဓမ္မမိတ်ဆွေများနှင့် ရပ်နီးရပ်ဝေးမှမိတ်ဆွေများအားလုံးကို ဤ-Post-ဖြင့်ကျေးဇူးတင်ဂုဏ်ပြုလိုက်ပါရစေဗျားးးး

Source : USoe.


06 Jul 2017     1,377 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS