လိုင်စင်ရကန်ထရိုက်တာများ စုစည်းပြီး အများပိုင်ကုမ္ပဏီတည်ထောင်မည်
06 Jul 2017 1,414 Views
အသင်းဝင်ကုမ္ပဏီပေါင်း(၈၀၀)ကျော်ရှိတဲ့ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများ အသင်းကနေ အများပိုင်ကုမ္ပဏီတည်ထောင်မှာဖြစ်တယ်လို့ ဇူလိုင်လ(၁)ရက်ကSky Star Hotelမှာပြုလုပ်တဲ့ အသင်းသားစုံညီအစည်းအဝေးမှသိရပါတယ်။အများပိုင်ကုမ္ပဏီတည်ထောင်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရရှိထားပြီး ရန်ကုန်မြို့ တစ်ဖက်ကမ်းမြို့သစ်စီမံကိန်းမှာပါ ပါဝင်ကူညီသွားမယ်လို့ အများပိုင်ကုမ္ပဏီကို မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းရဲ့ အသင်းဝင်တွေ နဲ့ ဖွဲ့စည်းသွားမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံလိုသူတွေအနေနဲ့ ကုမ္ပဏီတစ်ခုကို ငွေကျပ်သိန်း(၁၀၀)ကနေ သိန်း(၃၀၀၀)အထိ ထည့်ဝင်နိုင်တယ်လို့သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်ရကန်ထရိုက်တာ(၁၂၀၀)ကျော်ရှိပြီး (၂၀၁၆)ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းမှာတော့ အသင်းဝင်(၈၀၀)ကျော်ရှိနေပြီ ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအပြင် တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း အသင်းဖွဲ့စည်းနိုင်ဖို့ ကွင်းဆင်းလေ့လာညှိနှိုင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။