BEC-TERO TV

တာဝေးပစ်ဒုံးကျည်တစ်စင်း မြောက်ကိုရီးယားစမ်းသပ်

06 Jul 2017     1,264 Views


မြောက်ကိုရီးယားနိုင်ငံဟာ တာဝေးပစ်ဒုံးကျည်တစ်စင်းကို နိုင်ငံ့ကမ်းရိုးတန်းကနေ ဇူလိုင်လ(၄) ရက်တုန်းက ပစ်လွှတ်စမ်းသပ်ခဲ့ပါတယ်။ အခုတစ်ကြိမ်ပစ်လွှတ်လိုက်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်(ICBM)ဟာ ကမ္ဘာရဲ့ဘယ်နေရာကိုမဆို ပစ်လွှတ်နိုင်တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြပါတယ်။ ဒုံးကျည်ကို မြောက်ကိုရီးယားနိုင်ငံအနောက် မြောက်ပိုင်း ခူဆွန်မြို့က ဘန်ယွန်းလေယာဉ်ကွင်းကနေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး ဒုံးကျည်ဟာ မိုင်ပေါင်း(၅၇၄)မိုင် အကွာအဝေးကို (၃၇)မိနစ် ကြာပျံသန်းပြီးနောက်မှာ မြောက်ကိုရီးယားနဲ့ ဂျပန်နိုင်ငံကြားက ပင်လယ်ထဲကျခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

ဒီဒုံးကျည်ဟာ တာလတ်ပစ် ဒုံးကျည်ဖြစ်ပြီး အမေရိကန်နိုင်ငံကိုရော၊ ရုရှားနိုင်ငံကိုပါ ခြိမ်းခြောက်မှုမလုပ်နိုင်ဘူးလို့ ပြောပါ တယ်။ ဒီဒုံးကျည်ပစ်လွှတ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ကြီးကြပ်ခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက သတင်းဖော်ပြပါတယ်။ ဒုံးကျည်ဟာ အမြင့်မိုင်ပေါင်း (၁၇၀၀)ကျော်အထိရောက်နိုင်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ကျွမ်းကျင်သူတွေကတော့ မြောက်ကိုရီးယားက အရင်တုန်းက ပစ်လွှတ်ခဲ့တဲ့ဒုံးကျည်တွေထက် အခုဒုံးကျည်ဟာ အမေရိကန် ပြည်နယ်ဖြစ်တဲ့ အလက်စကာ(Alaska)အထိရောက်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ တောင်ကိုရီးယား သမ္မတ မွန်ဂျဲအင်ကတော့ ဒီဒုံးကျည်ပစ်လွှတ်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချထားပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြောထားပါတယ်။


06 Jul 2017     1,264 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS