BEC-TERO TV

ထိုင်းနိုင်ငံက ထုတ်ပြန်ခဲ့တဲ့ အလုပ်သမားဥပဒေသစ်ကို ရက်ပေါင်း(၁၂၀) ရပ်ဆိုင်းလိုက်

04 Jul 2017     1,289 Views


မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားရေးရာ ကျွမ်းကျင်သူများညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၃၀)ရက်ကနေ ဇူလိုင်လ(၁)ရက်ထိ ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီညှိနှိုင်းအစည်းအဝေးကနေ ထိုင်းနိုင်ငံက ထုတ်ပြန်ခဲ့တဲ့ အလုပ်သမားဥပဒေသစ်ကို ရက်ပေါင်း (၁၂၀)ရပ်ဆိုင်းထားဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့သိရပါတယ်။

ဒီဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံက ဇွန်လအတွင်းထုတ်ပြန်ခဲ့တဲ့ နိုင်ငံခြားသား အလုပ်သမားစီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေပါအချက်အလက်တွေနဲ့လက်ရှိဆောင်ရွက်ပေးနေမှု အခြေ အနေ၊ထိုင်းရောက်မြန်မာလုပ်သားတွေရဲ့အခွင့်အရေးနဲ့ကာကွယ်စောင့်ရှောက်မှုများဆိုင်ရာ ကိစ်္စများ အပါအ၀င် အချက်(၈)ချက်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ အခုလို ထိုင်းနိုင်ငံရဲ့အလုပ်သမားဥပဒေသစ်ကို ရပ်ဆိုင်းထားပေးချိန်အတွင်း ပန်းရောင်ကဒ်ကိုင်ဆောင်ထားပြီး အလုပ်ရှင်မတူတဲ့ရွှေ့ပြောင်အလုပ်သမားတွေအနေနဲ့ လက်ရှိ အလုပ်လုပ်နေတဲ့ အလုပ်ရှင်အမည်ဖြစ်အောင် ပြန်ပြင်ဆင်ကြဖို့၊ MOUနိုင်ငံကူးလက်မှတ် ကိုင်ဆောင် ထားပြီး အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို သက်မှတ် ထားတဲ့ရက်အတွင်း ပြင်ဆင်ကြဖို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာကျွမ်းကျင်သူများ ညှိနှိုင်းအစည်းအဝေး ကို ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာ မှ Inspector General ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်တဲ့အဖွဲ့တို့ နှစ်ရက်တာ ဆွေးနွေးခဲ့ကြ ပါတယ်။


04 Jul 2017     1,289 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS