စိတ်မနှံ့သူအမျိုးသမီးတစ်ဦးကို ကလေးပြန်ပေးဆွဲသူဟု စွပ်စွဲကာနှိပ်စက်သတ်ဖြတ်
04 Jul 2017 1,425 Views
ဘင်္ဂလားဒေ့ရှ်အမျိုးသမီးတစ်ဦး အိုတီရာဘီဘီ ဆိုသူအမျိုးသမီးတစ်ဦးကို ရွာသားများက ကလေးသူခိုးဟုစွပ်စွဲကာ လယ်ထွန်စက်တစ်စီးပေါ်တွင် ကြိုးတုတ်ကာ ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် ဒဏ်ရာပြင်းထန်ကာ သေဆုံးသွားခဲ့သည်။
အိုတီရာက စိတ်မနှံ့သူပီပီ ရွာအနီးတစ်ဝိုက်ဟိုဟိုဒီဒီ လျှောက်သွားနေခဲ့ရာ တောစပ်တစ်နေရာအရောက်တွင် ရွာသားတစ်ယောက်ဖြစ်သူ ဒီလိုစ်ဂေါရှ် ဆိုသူက သူ၏ ၁၀ နှစ်သမီးလေးကို ပြန်ပေးဆွဲသည်ဟု စွပ်စွဲကာ လယ်ထဲရှိ ထွန်စက်ပေါ်တွ ကြိုးနှင့် တုတ်ထားခဲ့သည်။ ထို့နောက် ရွာသားများက လူပုံအလယ်တွင် တုတ်နှင့်ရိုက် ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။
ထိုမျှမကပဲ အမျိုးသမီး၏ အဝတ်အစားများကို စုတ်ဖြဲခြင်း၊ ဆံပင်များကို ကတ်ကြေးဖြင့် ညှပ်ပစ်ခြင်း စသည်တို့ကို လူသားမဆန်စွာ ဝိုင်းဝန်းနှိပ်စက်ခဲ့ကြသည်။ ရဲများရောက်ရှိလာပြီးနောက် အမျိုးသမီးကို ဆေးရုံပို့ပေးခဲ့သော်လည်း ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်။
အိုရာတီသေဆုံးမှုအတွက် ရွာသားအချို့ကို ဖမ်ဆီးထိန်းသိမ်းထားသော်လည်း တစ်ဦးတစ်ယောက်ကိုမျှ လူသတ်မှုဖြင့် တရားစွဲဆိုထားခြင်းမရှိသေးကြောင်း သိရှိရသည်။
အိုရာတီ၏ မိဘများနှင့် ယောက်ျားဖြစ်သူက သူမဟာ အိမ်ကထွက်သွားနေကျ ဖြစ်သဖြင့် စိတ်ပူပန်ခြင်းမရှိကြောင်း ပြောဆိုခဲ့သော်လည်း ဒီတစ်ကြိမ်တော့ အသက်မဲ့ခန္ဓာကိုယ်သာ အိမ်ပြန်ရောက်လာခဲ့သည်။