BEC-TERO TV

UPDJC TOR အတွင်း CSO တွေရဲ့ ပါဝင်နိုင်မှု ပိုမိုရရှိဖို့ အရပ်ဘက် အဖွဲ့များ မျှော်လင့်

03 Jul 2017     1,281 Views


UPDJC ရဲ့ လုပ်ငန်းလမ်းညွှန် (TOR)အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွက် အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ ပါဝင်နိုင်မှုကို အခုထက် ပိုမိုခွင့်ပြုစေချင်တယ်လို့ အရပ်ဘက်အဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။` လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအတွက် ပြန်လည်ဖွဲ့စည်းလိုက်တဲ့ အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်ဖြစ်မြောက်ရေးကော်မတီအသစ်က တိုက်တွန်းလိုက်တာပါ။ လက်ရှိမှာတော့ UPDJC ရဲ့TOR နဲ့ CSO တွေရဲ့TOR ကြားမတူညီမှုတွေ ရှိနေပါတယ်။

UPDJC ရဲ့TOR အရ CSO တွေအနေနဲ့ ၂၁ ပင်လုံအစည်းအဝေးတွေအတွက် အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်မှာ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သယံဇာတခေါင်းစဉ် သုံးခုအောက်က အချက်တစ်ချို့အပေါ်မှာပဲ ဆွေးနွေးပြီး လူထုအသံတွေရယူခွင့်ရှိ နေတာပါ။ CSO တွေဘက်ကတော့ ဒီ့ထက်ပိုမိုခွင့်ပြုစေချင်နေတယ်လို့ ပြောပါတယ်။ လာမယ့် ပင်လုံ အစည်းအဝေးမတိုင်ခင် UPDJC ကို တောင်းဆိုသွားမယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၁ ပင်လုံ ဒုတိယအစည်းအဝေးတုန်းကတော့ အချိန်ရရှိမှုနည်းပါးတာကြောင့် CSO တွေအနေနဲ့ စာတမ်း မတင်သွင်းထားနိုင်ခဲ့ပါဘူး။CSO တွေအနေနဲ့ လာမယ့်ပင်လုံအစည်းအဝေးအတွက် ကဏ္ဍအားလုံးကအသံတွေကို ရယူကာ တင်ပြခွင်ရတဲ့ အချက်တွေကို စာတမ်းအနေနဲ့ တင်သွင်းပြီး ကျန်တဲ့အချက်တွေကိုတော့ အခြားအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေး ပွဲတွေ ဒါမဟုတ် UPDJC နဲ့ ညှိနှိုင်းပြီးတင်ပြနိုင်ဖို့ ကြိုးစားမယ်လို့ပြောပါတယ်။

CSO တွေဘက်ကတော့ သူတို့တင်ပြလိုက်တဲ့ တင်ပြချက်တွေနဲ့ ပတ်သက်ပြီး ညီလာခံ အစည်းအဝေးရဲ့ ကဏ္ဍအလိုက်ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးချင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်က ရရှိလာတဲ့ လူထု သဘောထားတွေဖြစ်တဲ့ စာတမ်းတွေအပေါ် UPDJC လုပ်ငန်းကော်မတီက တဆင့် ၂၁ ပင်လုံအစည်းအဝေးကို တင်ပြနေရတဲ့အတွက် တစ်ချို့အချက်တွေ မပါဝင် သွားမှာ ကိုလည်း CSO တွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့၂၁ရာစုပင်လုံဒုတိယ အစည်းအဝေးအတွက် ပထမဆုံးအရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်ကိုတော့ ၂၀၁၆ ဖေဖော်ဝါရီ ၂၄ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တာပါ။ အရပ်ဘက်အဖွဲ့ အစည်းများ ဖိုရမ်ဖြစ်မြောက်ရေး ကော်မတီအနေနဲ့ တစ်နိုင်လုံးက အရပ်ဘက်အဖွဲ့နှစ်ထောင်နဲ့ သုံးထောင်ကြားကို ကိုယ်စားပြုတယ်လို့ အဲ့ဒီကော်မတီထံက သိရပါတယ်။


03 Jul 2017     1,281 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS