BEC-TERO TV

မွေးကင်းစကလေးငယ် ထည့်ထားသော ခရီးဆောင်သေတ္တာတစ်လုံး သင်္ဘောဆိပ်တွင် စစ်ဆေးတွေ့ရှိ

30 Jun 2017     1,295 Views


ဖိလစ်ပိုင်နိုင်ငံရှိ ဇန်ဘုံဂါသင်္ဘောဆိပ်ရှိ ခရီးဆောင်သေတ္တာများ စစ်ဆေးရာ နေရာတွင်တွင် ခရီးဆောင်သေတ္တာတစ်လုံးထဲ၌ မွေးကင်းစကလေးလေးတစ်ဦးကို ထည့်သယ်လာသည်ကို X-Ray တွင် စစ်ဆေးတွေ့ရှိရသဖြင့် ဆိပ်ကမ်းအာဏာပိုင်များက အဆိုပါသေတ္တာပိုင်ရှင် အမျိုးသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့သည်။

 

အဆိုပါခရီးဆောင် သေတ္တာကို သင်္ဘောဆိပ်အရာရှိများက အပြန်ပြန်အလှန်လှန် X-Ray ဖြတ်ကြည့်ရာ ကလေးပုံသဏ္ဍန်သာ တွေ့ခဲ့ရသည့်အတွက် နောက်ဆုံးတွင် သေတ္တာကိုဖွင့်ကာ စစ်ဆေးခဲ့ကြရာ သေဆုံးနေသော မွေးကင်းစ ကလေးအလောင်း တစ်လောင်းကို တွေ့ရှိခဲ့ကြသည်။

အသက် ၃၃ နှစ်အရွယ် အဲလက်စ် အင်ဆာနာ ဆိုသူအမျိုးသားတစ်ဦးက ကဘူးလော့မြို့မှ ဘတ်စီလင်မြို့သို့ သင်္ဘောဖြင့်ထွက်ခွာရန် ကြိုးစားစဉ် ဖမ်းဆီးစစ်ဆေးခံခဲ့ရခြင်းဖြစ်သည်။ အာဏာပိုင်များ၏ စစ်ဆေးမေးမြန်ချက်အရ သူ၏အဒေါ်ဖြစ်သူ ကလေးမွေးစဉ် အသေလေး မွေးဖွားလာခဲ့သဖြင့် သူတို့ဘာသာရေး ထုံးတမ်းစဉ်လာအရ နေရပ်သို့ ပြန်သယ်ဆောင်ပြီး သင်္ဂြိုလ်ရန် သယ်ယူလာခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
 

 

ကဘူးလောရှိ အာဏာပိုင်များက ကလေးအလောင်းကို သယ်ဆောင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သို့သော်လည်း ကလေးအလောင်းကို နည်းလမ်းတကျပို့ဆောင်ရန် အချိန်မရသဖြင့် ယခုကဲ့သို့ ခရီးဆောင်သေတ္တာထဲ ထည့်ကာ ယူဆောင်လာရကြောင်း ထွက်ဆိုခဲ့သည်။
 
ဆိပ်ကမ်းအာဏာပိုင်များက သက်ဆိုင်ရာဌါနများသို့ ဆက်သွယ်မေးမြန်းစုံစမ်းခဲ့ရာ မှန်ကန်ကြောင်း သိရှိရပြီး အင်ဆာနာ၏ ဆွေမျိုးများကလည်း ကလေး၏ သေစာရင်းကို လာရောက်ပြသခဲ့ကြသည့်အတွက် နောက်ဆုံးတွင် အင်ဆာနာကို လွှတ်ပေးခဲ့ကြသည်။
 
သို့သော် လူသေအလောင်းကို ယခုကဲ့သို့ သယ်ယူလာသည့်အတွက် ပြစ်ဒဏ်ချမှတ်ခြင်း ရှိမရှိကိုတော့ ရှင်းလင်းစွာ မသိရှိရပေ။

 


30 Jun 2017     1,295 Views




RELATED

Most Popular of Special or Others

Most Popular of NEWS