BEC-TERO TV

ထူးခြားမှုများစွာဖြင့် iPhone 8 ထွက်လာမည်ဟု Apple အတည်ပြု

28 Jun 2017     1,300 Views


နည်းပညာနှင့် ဒီဇိုင်းပိုင်းမှာ အမြဲတမ်းရှေ့က ဦးဆောင်နေတဲ့ Apple ရဲ့ iPhone 8 ဟာ ယခင်နဲ့မတူ ထူခြားမှုများစွာနဲ့ ထွက်လာလိမ့်မည်ဟု Apple ကုမ္ပဏီက အတည်ပြုပြောကြားလိုက်ပါတယ်။


အသစ်ထွက်ရှိလာမည့် iPhone 8 ရဲ့ မျက်နှာပြင်ဟာ ပိုမိုကြီးမားက်ျပြန့်လာမှာဖြစ်ပါတယ်။ iPhone 7 မှာ မျက်နှာပြင် ၄.၇လက္မသာရှိနေပြီး iPhone 8 ကျရင်တော့ ၅.၈လက္မထိ ကြီးမားလာမှာဖြစ်ပါတယ်။
iPhone 8 ဟာ ကိုယ်ထည်အပြင်အဆင် ​ပြောင်းလဲရုံသာမက သူနဲ့အတူပါလာမယ့် iOS 11 ကြောင့်လည်း လုံးဝထူးခြားပြောင်လဲမယ့် လုပ်ဆောင်ချက်အသစ်၊ အမြင်သစ်တွေကို တွေ့ရမှာဖြစ်ပါတယ်။


“Function Area” လို့ခေါ်တဲ့ Home button ရဲ့ လွတ်နေတဲ့ ဘေးနေရာတွေမှာပါ လုပ်ဆောင်ချက်အသစ်တွေ ထပ်တိုးပါလာမှာဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ ထိပ်ပိုင်း ကင်မရာဘေးက လွတ်နေတဲ့နေရာတွေကို အသုံးချနိုင်အောင် ဖန်တီးထားပါတယ်။

 


iPhone 8 ရဲ့ ကိုထည်ပိုင်းနဲ့ ပက်သက်တဲ့ ပုံအချို့ အွန်လိုင်းပေါ် ပျံ့နှံ့လျှက်ရှိနေပြီး Apple ကလည်း iPhone 8 ကို ထူးခြားမှုတွေ တစ်ပုံတစ်ပင်နဲ့ တွေ့မြင်ရမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။
Apple ချစ်သူတွေအတွက် iPhone 8 ဟာ သွားရည်ယို မျက်စိကျစရာ ဖုန်းတစ်လုံး ဖြစ်လာမှာ မလွဲပါဘူး။
 


28 Jun 2017     1,300 Views




RELATED

Most Popular of Special or Others

Most Popular of NEWS