စာသင်ချိန်မျာ စာမသင်ဘဲ ဓားစွမ်းပြတဲ့ ၇တန်းကျောင်းသား
28 Jun 2017 1,366 Views
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကျောင်းစာသင်ခန်းအတွင်းခုနစ်တန်းကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၇ ရက် ညနေ ၃ နာရီကျော်ခန့်က ဗန်းမော်မြို့၊ညောင်ပင်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အလက(၃)ရှိ သတ္တမတန်း(B)စာသင်ခန်းအတွင်း၌ မောင်ဝေဖြိုးအောင်(ခ)ဟန်မ်ဆားရ်(၁၂)နှစ်၏ ဦးခေါင်းကို ဆွတ်ဂျာအောင်(၁၂)နှစ်ကလက်ဖြင့်ပုတ်လိုက်ရာ မောင်ဝေဖြိုးအောင်က လွယ်အိတ်ထဲပါလာသည့် အရိုးအသွား(၈)လက်မခန့်ရှိ မောင်းချဓားဖြင့် ထိုးလိုက်ရာဆွတ်ဂျာအောင်၏ ဝဲဘက်ရင်အုံအောက် ထိုးသွင်းဒဏ်ရာတစ်ချက်(စိုးရိမ်ရ)ရရှိခဲ့ပြီး ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်တင်ပို့ခဲ့ရသည်။
"သွေး လေးပုလင်းသွင်းရတယ်၊ ခုခွဲစိတ်ခန်းက ထွက်လာပါပြီ၊ပြစ်မှုကျူးလွန်တဲ့ကလေးကို ဗန်းမော်မြို့မရဲစခန်း ဒုရဲအုပ်ကျော်ကျော်စိုးရဲ့ထိန်းသိမ်းမှုအောက်မှာထားပြီးမနက်ဖြန်(ဇွန်၂၈ရက်)မှာတရားရုံးမှာထိန်းသိမ်းခွင့်တောင်းခံပါမယ်"ဟု ဗန်းမော်မြို့မရဲစခန်းမှူးဒုရဲမှူးသိန်းဝေမြင့်ကဒီမိုကရေစီတူဒေးသတင်းစာသို့ပြောသည်။ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဝေဖြိုးအောင်(ခ)ဟန်မ်ဆားရ်(၁၂)နှစ်၊ကချင်စု-ညောင်ပင်ရပ်၊ဗန်းမော်မြို့နေသူအား ဗန်းမော်မြို့မရဲစခန်းက (ပ)၁၆၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Source: ဗန်းမော်ပွင့်သစ်