(၃)သိန်းဝန်းကျင်ဖြင့်ဝယ်နိုင်မည့်ရေဒဏ်၊ဖုန်ဒဏ်အကြမ်းခံနိုင်တဲ့ စမတ်ဖုန်း
26 Jun 2017 1,439 Views
Samsung Galaxy XCover4
ကြမ်းတမ်းတဲ့ပြင်ပပတ်ဝန်းကျင်တွေမှာအသုံးပြုနိုင်ဖို့အထူးရည်ရွယ်ဖန်တီးထုတ်လုပ်ထားတဲ့စမတ်ဖုန်းပါ။တောင်ကိုရီးယားအခြေစိုက်ဆမ်ဆောင်က မိတ်ဆက်ထားရှိတဲ့ ဒီစမတ်ဖုန်းသစ်ကိုအခုဆိုရင် မြန်မာနိုင်ငံမှာဝယ်ယူနိုင်ပါပြီ။ယခင်နှစ်က ထွက်ရှိခဲ့တဲ့ ဖုန်းအရွယ်အစားထက် ပိုမိုကြီးမားတဲ့မျက်နှာပြင်၊ ပိုမိုကျဉ်းမြောင်းသွားတဲ့ဘေးဘောင် နဲ့အတူ ထပ်မံတိုးမြှင့်ထားတဲ့ ဖုန်းတွင်းမှတ်ဥာဏ်တို့နဲ့အတူ မိုဘိုင်းလ်ဈေးကွက်ထဲရောက်ရှိလားတဲ့ စမတ်ဖုန်းပါ။
ဒီဇိုင်းအပိုင်းကိုလည်းယခင်ပုံစံအခြေခံကာအသစ်တစ်ဖန်ပြန်လည်ဆန်းသစ်ထားရှိတဲ့အနုစိပ်လက်ရာတွေနဲ့ဒီစမတ်ဖုန်းကိုမွမ်းမံထားရှိပါတယ်။လက်အိတ်ဝတ်ဆင်ထားပြီးထိတွေ့ကိုင်တွယ်ရင်တောင် ထိတွေ့နိုင်မယ့်၅ လက်မအရွယ်အစားရှိ ကြည်လင်တဲ့မျက်နှာပြင်နဲ့အတူ နည်းပညာတွေပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ မှတ်ဥာဏ်ပမဏကလည်း ၀ယ်ယူသူတွေအဆင်ပြေလောက်တဲ့ပမဏပါ။ကင်မရာပိုင်းကလည်းအလယ်အလတ်တန်းစား စမတ်ဖုန်းတစ်လုံးအတွက် နှစ်လိုဖွယ်ရာပါ။ထူးခြားချက်ကတော့ဆင်းမ်ကဒ် တစ်ကဒ်သုံးဒီစမတ်ဖုန်းက ရေဒဏ် နှင့် ဖုန်ဒဏ်တို့အားခံနိုင်စွမ်းရှိတဲ့နည်းပညာစံသတ်မှတ်ချက်နဲ့အတူဖန်တီးထုတ်လုပ်ထားတာပါ။
ပြင်းထန်တဲ့ရာသီဥတုအခြေအနေ၊ စမ်းသပ်မှုတွေ၊ အကြမ်းခံစစ်ဆေးမှုတွေ၊ တုန်ခါမှုနှုန်းထားတွေ၊ ပင်လယ်ဆားငန်ရေ ၊ မြူနှင်းနဲ့အတူ ပူပြင်းလှတဲ့ နေရောင်ခြည်အောက်မှာလည်း ကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ်။
Samsung Galaxy XCover4 Specifications
Display Size 5 inches
Resolution 720 x 1280 pixels
Network GSM – 2G/ 3G/ 4G
SIM Micro SIM
OS Android OS, v7.0
CPU Quad-core 1.4 GHz Cortex-A53
Memory Internal 16GB, 2GB RAM, Micro SD 256GB
Main Camera 13 MP, f/1.9, autofocus, LED flash
Front Camera 5 MP, f/2.2
WLAN Wi-Fi 802.11 a/b/g/n, dual-band, WiFi Direct, hotspot
Bluetooth 4.2, A2DP, LE
IPS IP68 certified - dust/water proof over 1.5 meter and 30 minutes
Battery Li-Ion 2800 mAh Battery