BEC-TERO TV

ဗေလုဝအမှာစာနဲ့ ပိုပိုထုတ်တဲ့ကဗျာစာအုပ်ဝေဖန်သံတွေပြင်းထန်

21 Jun 2017     1,868 Views


ကဗျာစာအုပ် ထွက်ရှိမှုကို အကန့်အသတ်မရှိ ပိုပိုက ရုတ်တရက် ရပ်လိုက်ပြီးနောက်ပိုင်း လူမှုကွန်ရက်မှာ အခုလိုပဲဝေဖန်သံတွေထွက်ပေါ်လာသလို ဗေလုဝအမှာစာနဲ့ပတ်သက်ပြီး  တော်တော်လေးဝေဖန်နေကြတာပါ။

တေးသံရှင်ပိုပိုထုတ်ဝေတဲ့ "ကိုယ်တိုင်လုပ် နိုင်ငံတော်ကဗျာစုစည်းမှု"စာအုပ်မှာပါတဲ့ ဗေလုဝရဲ့အမှာစာကတော့

" ပိုပိုဆိုတာ...
သူက ကဗျာဆရာတယောက်ဖြစ်ချင်တာမဟုတ်ဘူး

သူက ကဗျာရေးပြီးတော့ အလံစိုက်ချင်တာလည်း မဟုတ်ဘူး

သူက ကဗျာ ကဗျာဆိုပြီးတော့ ကယောင်ကတန်းထအော်နေမယ့်သူလည်း မဟုတ်ဘူး

သူက ကဗျာမြို့ကို မယောင်မလည်လာလည်သူလည်း မဟုတ်ဘူး

သူက ကဗျာကို လေဖမ်းပြီး တရားနာမယ့်သူလည်း မဟုတ်ဘူး

သူက ကဗျာကို ဂန္တဝင်နဲ့မော်ဒန်အမွေလုပွဲမှာ ဘယ်သူ့ဘက်မှပါမယ့်သူလည်း မဟုတ်ဘူး

သူက ကဗျာကို ဟိုး...ဝေးဝေးကနေပြီးတော့ သံစဉ်တွေကြားကနေပြီးတော့ အနီးကပ်ချစ်ကြည့်ချင်တဲ့ သူတယောက်ပါ။ ။"

 

အဆိုပါ အမှာစာအတွက် လူမှုကွန်ရက်မှာတော့ အခုလိုပဲဝေဖန်နေတာပါ။

 

 

အဆိုပါ "ကိုယ်တိုင်လုပ် နိုင်ငံတော်ကဗျာစုစည်းမှု"စာအုပ်တွင် အမှာစာရေးခဲ့သူဗေလုဝနဲ့စပ်လျှဉ်းပြီး

"ကဗျာဆရာ " မောင်မောင်မြင့်အောင် " ဆိုတာ "ဗေလုဝ" ပါပဲကွယ်။

ဒီနေ့ လက်ဖက်ရည် ဆိုင်ထဲမှာ ကဗျာဆရာဆိုသူ လူငယ်တစ်စုနဲ့ မိုးဖွဲဖွဲကြားမှာ စကားတွေ ပြောဖြစ်ခဲ့တယ်။
ရှုမဝ {အယ်ဒီတာ မောင်ဆွေတင့်}
သပြေ {အယ်ဒီတာ မောင်ကျော်ဇော}
ပေဖူးလွှာ {အယ်ဒီတာ ဖျာပုံနီလုံဦး}
ဂီတပဒေသာ {အယ်ဒီတာ လွင်စန်းယဉ်}
တိုင်းရင်းမေ {ကဗျာ အယ်ဒီတာ ဒေါင်းနွယ်ဆွေ}
စာပေဂျာနယ် {အယ်ဒီတာ မောင်သွေးသစ်}
မိုးဝေ {အယ်ဒီတာ အောင်မော်}
စတိုင်သစ် {အယ်ဒီတာ အောင်စိုးသူ}
အဲဒီ့မဂ္ဂဇင်း / ဂျာနယ်တွေမှာ ကဗျာတွေ ရေးခဲ့တဲ့
ကဗျာဆရာ "မောင်မောင်မြင့်အောင်" ကို သိလား၊
1975/76/77/78/79/86/87 ခုနှစ်ကနေ
1993/2001 ခုနှစ် အထိ မဂ္ဂဇင်း ကဗျာတွေကို ရေးခဲ့သူ။
မဆလ အစိုးရပါတီကောင်စီဆိုရင် မော့တောင် မကြည့်ရဲတဲ့ ခေတ် သံချပ်အလှပြ ကားတွေပေါ် ကနေ "တော်လှန်သော ကဗျာ" တွေကို ရွတ်လိုက်။ သံချပ်တွေ ထိုးလိုက် အာခံခဲ့တဲ့ ကဗျာဆရာ "မောင်မောင်မြင့်အောင်" ကို သိလားလို့ မေးတဲ့ အခါ "စတိုင်သစ်မဂ္ဂဇင်း" တစ်ကိုယ်တော် ကဗျာပြပွဲ ကဏ္ဍမှာ ဖတ်ဖူးတယ်လို့ လူငယ် အချို့က ပြောလာကြတယ်။ အဲဒီ့ ကဗျာဆရာ မောင်မောင်မြင့်အောင် ဆိုတာ ဘယ်သူလဲ သိချင်လား။လို့။
မှတ်ထား အဲဒီ့ ကဗျာဆရာဟာ ""ဗေလုဝ" ပဲလို့ ပြောလိုက်တော့ သူတို့ နှုတ်တွေ ပိတ်သွားကြပါရော။ မှတ်မိသမျှ သိသမျှ အနုပညာသမားတွေထဲမှာ စာအဖတ်ဆုံး။ စာအကြေဆုံးဟာ "ဗေလုဝ" ပါလို့။
မပြောမပြီး မတီးရင် မြည်နေကြဦးမှာမို့ ပြောပြလိုက်တယ်။
"
ဆိုပြီး ထူမှုကွန်ရက်မှာ ပြောဆိုနေကြပါတယ်။

 

 

 

လက်ရှိမှာတော့ ကဗျာစာအုပ်နဲ့ပတ်သက်ပြီး တေးသံရှင် ပိုပို ကစိတ်မကောင်းကြောင်း၊ ကဗျာတွေကိုနက်နက်ရှိုင်းရှိုင်းချစ်ခင်ကြောင်း၊မနေ့ကငိုခဲ့တဲ့အကြာင်း၊နှလုံးသားတွေနာကျင်နေရတဲ့အထိ ခံစားရကြောင်းကို လူမှုကွန်ရက်ကနေ အခုလိုပဲ ပြောပြထားပါတယ်။

"Sometimes I can't be stand without my best friends and fans.I pretended as a stronger in my mind.Actually I cried last night and today because of I don't know what to do when I meet with difficulties.Nobody know how much I feel .I dare swear how much I love Poem deeply.In this complicated situation , I really hurt so much  in my heart . I was trying the best all but nobody understand me.They believe another side only. So I can't explain and I can't focus anything...for wrong accusation on me."

 

 

"ကိုယ်တိုင်လုပ် နိုင်ငံတော်ကဗျာစုစည်းမှု"စာအုပ် တွင်ဗေလုဝအမှာစာအတွက် ဗာမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများ သမဂ္ဂကအောက်ပါအတိုင်း ထုတ်ပြန်လိုက်တာပါ။

 

 

 


21 Jun 2017     1,868 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS