BEC-TERO TV

ခေးကြောင့်သီချင်းဆိုတိုင်း တွန့်လိမ်ကောက်ကွေးအောင် ကရတဲ့ အကြောင်း ရင်ဖွင့်လိုက်တဲ့ ရွှေထူး

20 Jun 2017     1,641 Views


ဒုတိယ တစ်ကိုယ်တော် စီးရီးခွေထွက်ရှိဖို့ သီချင်းတွေ ရေး ၊ သီချင်းတွေအသံသွင်း ရင်း  ၁၀ လပိုင်း ၁၁ လပိုင်းထွက်နိုင်အောင်ကြိုးစားနေတယ်လို့ ပြောထားပါတယ် ။ ရွှေထူး ရဲ့ ခေးကြောင့် သီချင်းတဲ့ ကတဲ့ ကကွက်တွေဟာ ပရိတ်သတ်တွေကြားမှာလဲ နာမည် ကြီးခဲ့ ပါတယ် ။

“ကျွန်တော့အကကိုကြည့်ပြီး ပျော်ကြတယ် ဆိုတာ့လဲ ၀မ်းသာရပါတယ် အဲ့ဒိအတွက်ကြောင့်လဲ ခေးကြောင့်သီချင်းဆိုတိုင်း  တွန့်လိမ်ကောက်ကွေးအောင်ကဖြစ်တယ်  ဘာပဲ ဖြစ်ဖြစ် ကလန်ကလားကြီးနဲ့ ဒီလို တွန့်လိမ်နေအောင်ကတာဆိုတော့လည်း မြင်ရတဲ့ သူအဖို့ ပေါတောတောနဲ့ ချစ်ဖို့ ကောင်းမယ် ထင်ပါတယ်” လို့ပြောထားပါတယ်။

အရပ် ၆ ပေ ၁ လက်မရှိတဲ့ အရပ်ရှည်တဲ့ ရွှေထူးအတွက် ကားစီးရင် ဒူးမလွတ်တာ ၊ လေယာဉ်စီးရင် ဒူးမလွတ်တာ ၊ အ၀တ်အစားဝယ်လို့ရှိရင် မတော်တာ ၊ တိုနေတာ ၊ သေးနေတာ ကျွန်တော်အမြဲ ကြုံရပါတယ် ။ အားသာတာကတော့ ဘယ်နေရာပဲ သွားသွား ဘယ်သူံကို မဆို ကျွန်တော်လှမ်းမြင်ရတယ် လို့ ပြောပြသွားခဲ့ ပါတယ် ။ 

Credit:popular


20 Jun 2017     1,641 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment