BEC-TERO TV

မဲမဲသည်းသည်းကိုချစ်ပါ သည်းသည်းမဲမဲပြန်ချစ်လိမ့်မယ်ဆိုတဲ့ သတိုးသမီးလေး စုချစ်ဇော်

19 Jun 2017     1,510 Views


သရုပ်ဆောင်အဆိုတော် စုချစ်ဇော် ဟာ ပြီခဲ့ တဲ့ ဧပြီလ ၂၄ ရက်နေ့က စေ့စပ်ပွဲပြုလုပ်ခဲ့ ပြီး အောက်တိုဘာလမှာ မင်္ဂလာပွဲပြုလုပ်တော့မယ့် သတိုးသမီးလောင်းလေးလဲ ဖြစ်ပါတယ် ။ ဇွန်လထဲမှာ စင်ကာပူမှာ လက်မှတ်ထိုးခဲ့ ကြပြီ ဧည့်ခံပွဲတွေကိုတော့ ၀ါကျွတ်မှ လုပ်ဖြစ်မှာပါ ။

အောက်တိုဘာ ၂၆ ရက်မှာ ရန်ကုန် Melia Hotel မှာမင်္ဂလာလက်မှတ်ထိုးမယ် ။ အောက်တိုဘာ ၂၇ ရက်နေ့မှာမဟာစည်မှာ မင်္ဂလာဦးဆွမ်းကျွေးလုပ်မှာပါ ။ မင်္ဂလာ ညစာစားပွဲကိုတော့ နိုဝင်ဘာ ၅ ရက်နေ့ စင်ကာပူက  Peninsula Excelsior Hotel မှာလုပ်သွားမှာပါ ။ လက်ထပ်ပြီးရင်တော့ အမျိုးသားက စင်ကာပူမှာ အလုပ်ရှိတော့ စုချစ်က စင်ကာပူ နဲ့ မြန်မာနိုင်ငံကို သွားလိုက်လာလိုက်လုပ်ဖြစ်နေမှာပါ ။

ချစ်သူ သက်တမ်း ၁နှစ်ခွဲလောက်ပဲ ရှိသေးပေမယ့် သူငယ်ချင်းဖြစ်နေတာတော့ ကြာပါပြီ ။ အသက်ကတော့ သူမ ချစ်သူက သူမထက် ၁ နှစ်ငယ် တယ်လို့ ပြောထားပါတယ်။ အသက်ငယ်ပေမယ့် စုချစ်ကို ဂရုတစိုက်နဲ့ ချစ်တဲ့ အတွက် ၀မ်းသာရတယ် ။ စပြီး ဖွင့် ပြောထဲက လက်ထပ်ပါရစေဖို့ စပြောခဲ့ တာပါ ။ ခင်ပွန်း ကလဲ အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ်ဆိုရင်လဲ ခွင့်ပြုပြီးသားပါ ။

မဲမဲသည်းသည်းကို ချစ်ပါ ။ သည်းသည်းမဲမဲပြန်ချစ်တာခံရပါလိမ့်မယ်” ဆိုတဲ့ စကားအပေါ် သူ့သူငယ်ချင်းတွေက အသားမည်းတာကို လိုက်စနေကြတယ် ။ ဘဲဥ ကျီးကန်းဘဲဥ ချီထားတယ်ဆိုပြီးတော့ ။ လူတစ်ယောက်မှာ အသားအရေက အဓိက မဟုတ်ဘူး ။ စိတ်ထားနဲ့ ကိုယ့်အပေါ် ဂရုစိုက် ချစ်ခင်မှုသာ အဓိကဆိုတာကို ပြောချင်တဲ့ သဘောပါ လို့ ပြောသွားခဲ့ ပါတယ် ။

Credit:Oasis


19 Jun 2017     1,510 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment