ရွှေမှုံရတီကို စိတ်မကောင်းဘူးလို့ ပြောလိုက်တဲ့ ဇေရဲထက်
19 Jun 2017 1,514 Views
ဇွန်လ ၁၆ ရက်ညက ဓာတ်ပုံရှုတင်တစ်ခုတွင် မင်းသမီးရွှေမှုံရတီနှင့် ၂၀၁၈ ပြက္ခဒိန် တွဲဖက်ရိုက်ကူးရင်း Live လွှင့်ထားသည်ကို မသိရှိဘဲ အချင်းချင်း အပြန်အလှန်စနောက် နေသည့် ဗီဒီယိုဖိုင်ပျံ့နှံ့သွားရာမှ ဝေဖန်မှုများမြင့်တက်လာခဲ့ပါတယ်။
အဆိုပါဗီဒီယိုဖိုင်နဲ့အတူဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ဇေရဲထက်က "သားကြီးရေ ငါစိတ်မကောင်းဘူး sorry" လို့ ရွှေမှုံရတီဖေ့စ်ဘွတ်တွင် ၀င်ရောက်မန့်ခဲ့သလို ရွှေမှုံရတီက " No problem I'm fine" အခုလိုပဲပြန်မန့်ခဲ့ပါတယ်။
‘‘ရွှေမှုံရတီက အမြဲတမ်း Live လွှင့်နေတာ ကိုယ်ကလည်း မသိလိုက်ဘူး။ သူနဲ့က သူငယ် ချင်းဆိုတာထက် မောင်နှမလိုကို ဖြစ်နေတာ။ သူ့အမေဆို ကိုယ့်ကို အရမ်းချစ်တယ်။ ရင်ဖွင့်ဖော်၊ ရင်ဖွင့်ဖက်၊ တိုင်ပင်ဖော်၊ တိုင်ပင်ဖက်ပေါ့။ မောင်နှမ အရင်းအချာလိုပဲဖြစ်နေတဲ့အခါကျတော့ သ တိလက်လွတ်ဖြစ်သွားတာပါ။ တစ်ခါတလေဆို မင်းသား၊ မင်းသမီးစိတ်တောင်ပျောက်သွားပြီး ကလေးလိုနေတာလေးတွေလည်း ရှိတယ်။ အဲဒါလေးတွေနဲ့ပတ်သက်ပြီး အမှားမြင်သွားတဲ့အခါ ကျတော့ ဘာမှတော့ မဖြေရှင်း တော့ဘူး။ သြော် ငါတို့ နောက်ပိုင်းကျရင် ဆင်ခြင်ရုံပဲရှိတော့တာ ပေါ့လို့ တွေးမိတယ်’’ဟု ဇေရဲ ထက်က7daydaily မှာ ပြောကြားထားပါတယ်။
Source: 7daydaily, ရွှေမှုံရတီဖေ့ဘွတ်,The Voice