မင်္ဂလာပွဲကုန်မယ့်ငွေတွေကို လှူဒါန်းချင်တဲ့ ချစ်စနိုးဦး
19 Jun 2017 1,644 Views
သရုပ်ဆောင် အဆိုတော် ချစ်စနိုးဦး ဟာ သူမရဲ့ ချစ်သူနဲ့ ချစ်သူ သက်တမ်း လေးနှစ်ရှိပြီလဲ ဖြစ်ပါတယ် ။ သူမရဲ့ ချစ်သူ ဟာ အဆိုတော် တစ်ယောက်လို့ လဲ သိရပါတယ်။ သူတို့ ချစ်သူ နှစ်ဦးဟာ ဘ၀တခု ထူထောင်ဖို့ လဲ ရှိပါတယ် ။ နှစ်ယောက်လုံးက အသက်တွေလဲ မငယ်တော့ ဘူး အိမ်ထောင်ပြုရမယ့် အသက်အရွယ်လဲ ရောက်နေပြီဆိုတော့ ရည်ရွယ်ထားတာလေးတွေလဲ ရှိပါတယ် ။အတိအကျကြီးတော့ မပြောချင်သေးပါဘူး ။ ဖူးစာ တို့ ကံ ဆိုတာလဲ ရှိသေးတော့ တခုခု လွဲချော်သွားရင် သူ့ အတွက်ကော ကိုယ့် အတွက်ကောမကောင်းဘူး ။ အကောင်အထည်ဖော်ပြီဆိုမှ ချပြချင်ပါတယ် ။ မယူခင်အချိန်လေးမှာ မိဘ ကို လဲ တာဝန်ကျေချင်တယ်လို့ ပြောထားပါတယ် ။
မင်္ဂလာဆောင် စိတ်ကူးတွေ က ငယ်ငယ်တည်းက ရှိပါတယ် ။ သူများ မင်္ဂလာဆောင်တွေ သွားတယ် ။သဘောကျတယ် .ကိုယ်အလှည့်ကြ ဘယ်လိုဆောင်ချင်တယ် ဆိုတာ ငယ်ငယ်ထဲက အခုအချိန်ထိပါ ။ ကိုယ့်အလှည်ကျ၇င် ရှိတဲ့ သူတွေကို မကျွေးချင်ဘူး ။ မရှိတဲ့ သူတွေကိုပဲ ကျွေးချင်တယ် ။ ချမ်းသာတဲ့ သူတွေကိုကျွေးတာထက် တကယ်လိုအပ်တဲ့ နေရာမှာပဲ လှူဒါန်းချင်တယ် ။ ဒါ့ကြောင့် မင်္ဂလာပွဲအတွက် ကုန်မယ့် ငွေတွေကို လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်းချင်တယ် ။ ကိုယ့် ရဲ့ စိတ်ကူးအတွေးလေးပါ ။ နှစ်ဦးနှစ်ဖက် ဖြစ်ချင်တာတွေတော့ ညှိရအုံးမယ် ။ ကိုယ်ဖြစ်ချင်တာတော့ အဲ့ဒါမျိုးပဲ ။တခြားစိတ်ကူးယဉ်တာမျိုးတော့ မရှိပါဘူး” ဆိုပြီး စိတ်ကူးထားတဲ့ မင်္ဂလာပွဲလေးအကြောင်းကို ပြောသွားခဲ့ ပါတယ် ။