နှလုံးသွေးကြောမလဲခင် ရန်ခုန်မိတဲ့ ကျော်သူ ရဲ့ည
19 Jun 2017 1,409 Views
ဇွန်လ ၁၇ ရက်နေ့က ပရဟိတသမားကြီး ကျော်သူဟာထိုင်းနိုင်ငံ ဘမ်ရွမ်ဆေးရုံမှာ နှလုံးသွေးကြောလေးကြောင်းကို အစားထိုး လဲလှယ်ခဲ့ ရပါတယ် ။ ဇွန်လ ၁၀ ရက်နေ့ထဲက ဆေးရုံစတက်ခဲ့ ပြီး ၁၇ ရက်နေ့မှာ ခွဲ စိတ်မှု လုပ်ခဲ့ တာလဲ ဖြစ်ပါတယ် ။ အတူ လိုက်ပါသွားတြ့ ဇနီးသည် ရွှေဇီးကွက်က “အဖိုးက အသက် ခြောက်ဆယ်ကျော်မှာ Heart attack နဲ့ ဆုံးခဲ့ တယ် ။ အဖေက အသက် ၆၅ မှာ နှလုံးသွေးကြောသုံးချောင်း လဲလှယ် Bypass လုပ်ရတယ် ။ အခု အသက် ၈၃ မှာ Stents နှစ်ခုထည့်ရတယ်။ ဆေးရုံတော့ ဆင်းပြီး ရန်ကုန်ပြတ်သွားပါပြီ ။
နှလုံးရောဂါ ဖြစ်တက်တဲ့ မျိုးရိုးဆိုတော့ ကိုကျော်သူက ဆေးလိပ်အရက်သောက် တက်တဲ့ သူဆိုတော့ အခု အသက် ၅၈ နှစ်မှာ နှလုံးသွေးကြောလဲလှယ်ရတော့ မယ် ။ ညီဝမ်းကွဲကတော့ အမေရိကန်က နှလုံးအထူကု ဆီမှာ လာလုပ်ဖို့ ကမ်းလှမ်းပေမယ့် သွားရတဲ့ ခရီးဝေးတာကြောင့် ဘန်ကောက်မှာပဲ နှလုံးသွေးကြောလဲခဲ့ တာပါ” လို့ ပြောထားပါတယ် ။
ကျော်သူကလဲ မခွဲစိတ်ခင် ညမှ “ရင်ခုန်မိတဲ့ည။ သားသားမီးမီးတို့ကလည်းမနက်ဖက်အောင်စာရင်းထွက်မှာမို့လို့ သားငယ်သမီးငယ်တွေအပြင်မိဘပြည်သူတွေကလည်းရင်ခုန်။ကျွန်တော်ကလည်းမျိုးရိုးကြောင့်ဖြစ်လာတဲ့နှလုံးသွေးကြောပိတ်ခြင်းကိုရင်ကိုခွဲနံရိုးများကိုချိုးဖဲ့ပြီးပေါင်နှင့်လက်မောင်းမှသွေးကြောများကိုထုတ်ပြီးခွဲစိတ်အစားထိုးခံရမှုအတွက်ရင်ခုန်မိတဲ့ညတစ်ညပေါ့ဗျာ။
သားငယ်သမီးငယ်တို့အားလုံးဂုဏ်ထူးများစွာနဲ့အောင်မြင်ကြပါစေ။ကျွန်တော်လည်းခွဲစိတ်ကုသမှုအောင်မြင်ပါစေဟု။အားလုံး သောကကင်းဝေးငြိမ်းချမ်းသာယာဝပြောကြပါစေ။ကျန်းမာချမ်းသာကြပါစေ” ဆိုပြီးမခွဲစိတ်ခင်လေးက ရေးသွားခဲ့ ပါတယ် ။
Credit:oasis & kyaw thu