သူငယ် ဆိုတာ ဒီလိုမျိုးပဲလို့ အမှန်ပြောလိုက်တဲ့ ကျော်ထက်အောင်
16 Jun 2017 1,874 Views
(ရုပ်သံဖိုင်ကို အောက်ဆုံးတွင်ကြည့်နိုင်ပါတယ်)
မကြာသေးခင်က ထွက်ရှိလာတဲ့ "သူငယ်" ဇာတ်ကားအမြည်းမှာတော့ သူငယ်ဆိုတာ ဘယ်လိုမျိုးလဲ အကောင်းဆုံး ပုံဖော်သရုပ်ဆောင်ခဲ့တဲ့ ကျော်ထက်အောင်ကတော့ ပရိသတ်တွေရဲ့အားပေးမှုကိုအပြည့်အ၀ ရရှိခဲ့ပါတယ်။
" ဒီသူငယ်ကို သတိထားပါဇွန် ၂၃ ရက်နေ့မှာခင်ဗျားတို့အနားကို ရောက်လာလိမ့်မယ်
သူက အပြောကောင်းတယ်၊ ရုပ်ချောတယ်ကြီးကြီးငယ်ငယ် ရွယ်ရွယ် လတ်လတ်ကြွေသွားအောင် ပြုစားတတ်တယ်
အပျိုကြီးမမ လှလှတွေကို ချစ်ဟန်ဆောင်ဖြားယောင်းသိမ်းသွင်းပြီးမှအသည်းတယားယား ဖြစ်အောင်လည်း ကျီစားတယ်
သူငယ်နှပ်စားဆိုပြီး အထင်သေးရင် မှားလိမ့်မယ်ကလေးကို မုန့်ပေးကြိုက်တတ်ရင်ခင်ဗျားတို့ မုန့်ဖိုးလေးတော့ အကုန်ခံရမယ်...တဲ့
ကျားနဲ့ ကစားချင်ရင် လှောင်အိမ်လေးတော့ဆောင်ထား...တဲ့၊ ဒါ...သူ့လက်သုံးစကား
ဒီလို မာယာများတဲ့ ကျားသတ္တ၀ါကိုခင်ဗျားတို့ ယုံစားမိရင်တော့ မှားလိမ့်မယ်ဒီသူငယ်ကို သတိထားပါ " ဆိုတဲ့ "သူငယ်"ဇာတ်ကားကတော့ လူမှုကွန်ရက်မှာ အတော်လေး ထင်ရှားနေပါတယ်။
အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေး၏ ပွဲဦးထွက်ဖန်တီး တင်ဆက်မှုအဖြစ် "သူငယ်"ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ အရုဏ်ဦး ပွင့်သိင်္ဂီဇော် ရိုက်ကူးထားပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း မိုးနီလွင် ကပုံဖော်ထားတာပါ။
ရန်အောင်၊ ရဲအောင်၊ မင်းဦး၊စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊မာရီကိုးလ် နှင့် သရုပ်ဆောင်သစ် "ကျော်ထက်အောင်"တို့ပါဝင်ထားပါတယ်။
"နွေ.....မိုး.....ဆောင်း
နွေဦးမေ....ဆိုတဲ့ ဗြူတီဆလွန်းပိုင်ရှင် မမ
မိုးခင်ခင်...ဆိုတဲ့ ယွန်းထည်ဆိုင်ပိုင်ရှင် မမ
ဆောင်းဟေမာန်...ဆိုတဲ့ ဖက်ရှင်ဒီဇိုင်နာ မမ
ဘဲကြီးငုတ်တုပ်တွေ ရှိပါလျက်....
သူငယ်ကိုယ်စီထောင်ကြတာများ.
ပြောမယုံ ကြုံဖူးမှသိတယ်ဖြစ်ရအောင်
ကြည့်ဖြစ်အောင် ကြည့်ကြည့်လိုက်ကြနော်
နွေမိုးဆောင်း ၃ ယောက်ထဲ
ဘယ်သူ အကဲဆုံးလဲ?
ဘယ်သူ အသဲဆုံးလဲ?
ဘယ်သူ အဆွဲဆုံးလဲ? (ဆယ်ဖီပြောပါတယ်)"