သတို့သမီးကို လေးထပ်တိုက်ပေါ်က တွန်းချမှုနဲ့ ဖမ်းဆီခံရတဲ့ သတို့သား
16 Jun 2017 1,446 Views
ပြီးခဲ့တဲ့ ကြာဿပတေးနေ့က တရုပ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်မှာ ပြုလုပ်ကျင်းပတဲ့ မင်္ဂလာဆောင်အခမ်းအနားတစ်ခုဟာ ပျော်ရွှင်စရာနေ့လေးတစ်နေ့ကနေ ဝမ်းနည်ကြေကွဲစရာ အဖြစ်ဆိုးကြုံခဲ့ရတဲ့ နေ့အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
ပြည်နယ်ရဲများက သတို့သမီးဖြစ်သူကို လေးလွှနေအိမ်ဝရန်တာမှ တွန်းချခဲ့မှုနဲ့ သတို့သားအား ဖမ်းဆီးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုပ်ရိုးရာ မင်္ဂလာဆောင်တို့ရဲ့ ထုံးတမ်းစဉ်လာအတိုင်း လိုက်နာပြီး သတို့သမီးကို ဖွက်ရာမှ ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပါတယ်။
မင်္ဂလာဆောင်မည့် ထိုနေ့ နေ့လည်ခင်းမှာ ဆုမွန်ကောင်းတောင်းပေးကြမည့်သူများနဲ့ သတို့သမီးက သတို့သားနဲ့ တွေ့ရဖို့ အခန်းထဲမှာ အသင့်ဖြစ်နေပါပြီ။ သတို့သားကတော့ သော့ခတ်ထားတဲ့ သတို့သမီးရဲ့ အခန်းဝမှာ ခဲဖိုးပိုက်ဆံတွေ ထည့်ထားတဲ့ စာအိပ်တွေ တစ်ထပ်ကြီးနဲ့ တွေ့ချင်ဇောကြီးစွာ စောင့်နေခဲ့ပါတယ်။
တံခါးဖွင့်လိုက်ပြီဆိုတာနဲ့ သတို့သားက အခန်းထဲပြေးဝင်ပြီး သတို့သမီးဆီ အသွားမှာ ဝိုင်းဝန်းတာဆီးခံနေရချိန် သတို့သမီးဖြစ်သူက လေးလွှာပေါ် တက်ပြေးပါတယ်၊ သတို့သားကလည်း နောက်ကအတင်းလိုက်ဖမ်းပါတော့တယ်။
အဲသည်နောက်မှာတော့ သတို့သမီးဟာ လေးလွှာပေါ်က ပြုတ်ကျပြီး သေဆုံးသွားတဲ့ မြင်ကွင်းကို ကွန်ကရစ်လမ်းမပေါ်မှာ တွေ့လိုက်ရပါတယ်။ ဓါတ်ပုံထဲမှာ ပါဝင်သည့်အနေအထားအရ ဝရန်တာလက်ရမ်း ကျိုးပျက်နေတာကို တွေ့ရပါတယ်။
ပြည်နယ်ရဲများက သတို့သားကို သတို့သမီးသေဆုံးခဲ့မှုတွင် သံသယရှိသူတရားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ အမှုကို ဆက်လက် စစ်ဆေးနေကြောင်း သိရှိရသည်။