BEC-TERO TV

မူလတန်းကျောင်းအနီးတွင် ပေါက်ကွဲမှုဖြစ်ကာ လူ(၈)ဦးထက်မနည်းသေဆုံး

16 Jun 2017     1,323 Views


ဇွန်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်တ်ငင် တရုပ်နိုင်ငံ အရှေ့ပိုင်း ဂျန်ဆူးပြည်နယ်ရှိ မူလတန်းကျောင်း တစ်ကျောင်း၏ရှေ့၊ ကျောင်းဆင်းချိန်တွင်း ကလေးများက လာကြိုမည့်မိဘများကို စောင့်ဆိုင်းနေခိုက် ပေါက်ကွဲမှု အကြီးစားတစ်ခု ဖြစ်ခဲ့ပြီး သေဆုံးသူမှာ လူ(၈)ဦးထက်မနည်း ရှိနေကြောင်း သတင်းရရှိသည်။

မျက်မြင်သက်သေများ၏ ထွက်ဆိုချက်အရ ကျောင်းအနီးတွင် ဖွင့်လှစ်ထားသော လမ်းဘေးစားသောက်ဆိုင်တစ်ဆိုင်မှ ဂတ်စ်အိုးကြီးတစ်လုံး ပေါက်ကွဲပွင့်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဒဏ်ရာရရှိခဲ့သူ ၆၅ ဦးရှိပြီး သေဆုံးသူ (၈)ဦးရှိကာ လမ်းများပေါ်တွင် ဒဏ်ရာများနှင့် လဲကျနေသော ကလေးလူကြီးများကို ဗီဒီယိုဖိုင်ထဲတွင် မြင်တွေ့ခဲ့ရသည်။ အာဏာပိုင်များက ပေါက်ကွဲမှုအတွက် သံသယရှိသူကို ဖမ်းဆီးခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိသည်။

မှတ်ချက်။  ။ ဗီဒီယိုတွင် စိတ်ညစ်ညူးစရာပုံရိပ်များ ပါဝင်သောကြောင့် ကြည့်ရှုသူများ ဆင်ခြင်ကြပါရန်။
 


16 Jun 2017     1,323 Views




RELATED

Most Popular of International News

Most Popular of NEWS