ချစ်သူက လေယာဉ်မောင် မဟုတ်ပါဘူးလို့ပြောလိုက်တဲ့ ခင်ဝင့်ဝါ
15 Jun 2017 1,513 Views
သရုပ်ဆောင် ခင်ဝင့်ဝါ ဟာ ပြီးခဲ့ တဲ့ ရက်ပိုင်းက မော်လဒိုက်ကမ်းခြေကို ဒီဇိုင်နာ မပုံ့၊ပရိုဂျူဆာ ခင်စန္ဒာမြင့်တို့ နဲ့ အပန်းဖြေခရီးထွက်ထားပါတယ် ။ ချိုမြိန်သောလက်စားချေခြင်း ရုပ်ရှင်အောင်မြင်လို့ သွားတာ မဟုတ်ပေမယ့် မရောက်ဖူးသေးလို့ လိုက်သွားတာပါ ။မြန်မာပြည်ကမ်းခြေတွေနဲ့ ကွာတာက သူတို့ ကမ်းခြေတွေက ကျွန်းစုလည်းဖြစ်နေတော့
ရေကလည်း ပြာလဲ့လဲ့လေးတွေ ။ ငွေဆောင် ၊ ချောင်းသာ သွားရတဲ့ခံစားချက်နဲ့တော့ မတူဘူးပိုပြီး fresh ဖြစ်တယ် ။ ပိုလွတ်လပ်တယ် လို့လည်း ခံစားရတယ် ။ အပြည့် အ၀ အနားယူခဲ့ တယ် ပျော်ခဲ့ တယ် လို့ ပြောသွားခဲ့ပါတယ်။
အချစ်ရေးနဲ့ ပတ်သတ်ပြီး ချစ်သူက လေယာဉ်မောင်လို့ သတင်းထွက်နေတဲ့ အပေါ် “ပရိုဂျူဆာတစ်ယောက်ဆေးထိုးကြမ်းတာပါ သမီးတို့လိုပဲ အခြားသူတွေကိုလည်း အဲ့ဒိလိုပဲ ဆေးထိုးတယ် ။ သူံကို ပြန်ထိုးတော့ မကြိုက်တော့ဘူး ။ အဲ့ဒိသတင်းက မှားပါတယ်။ သမီးကိုလည်း သိပ်အထင်ကြီးကြတယ် ။ချစ်သူ နဲ့ ပတ်သတ်ပြီး တကယ်ကို နိုးပါ” လို့ပြောသွားခဲ့ ပါတယ်။
လက်တလော အနုပညာလှုပ်ရှားမှုတွေကတော့ နောက်လဘန်ကောက်မှာ ထိုင်းမော်ဒယ်သရုပ်ဆောင်တစ်သီးနဲ့ မဂ္ဂဇင်းကာဗာတစ်ခု ရိုက်ဖို့ ရှိပြီး အချစ်ရေးအကြောင်းကတော့ ဖြေစရာမရှိသေးပါဘူးလို့ ပြောသွားခဲ့ ပါတယ် ။