BEC-TERO TV

ရဲများ၏ဘ၀ မမြှင့်တင်နိုင်ဘဲ အင်အားတိုးချဲ့ရန် မဖြစ်နိုင်ကြောင်း အမတ်တစ်ဦးထောက်ပြ

15 Jun 2017     1,283 Views


ရဲများ၏ဘဝကို မြှင့်တင်နိုင်ခြင်းမရှိဘဲ ရဲအင်အား တိုးချဲ့ရန်မဖြစ်နိုင်သည့် အရှိတရားကို ပြည်ထဲရေးဝန်ကြီးဌာနက လက်ခံနိုင်ရန်လိုအပ်ကြောင်း နမ္မတူမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး ကပြောသည်။

မြန်မာနိုင်ငံတွင် ရဲအင်အား မလုံလောက်မှုနှင့်ပတ်သက်၍ ခွင့်ပြုအင်အားပြည့်မီစေရေး ရည် ရွယ်ချက်အောင်မြင်ရန် လုပ်ဆောင်မည်ဆိုပါက စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိဘဲ ယုံကြည်ချက်ကင်းမဲ့နေသည့် ရဲဝန်ထမ်းများ၏ဘဝကို မြှင့်တင်၍ သက်သေပြနိုင်ရန် လိုအပ်ကြောင်း အထက်ပါ လွှတ်တော်ကိုယ်စားလှယ်က ဇွန်လ ၁၄ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့သည်။

နမ္မတူမြို့မရဲစခန်း၊ အချုပ်ခန်းများ ပြုပြင်ပေးနိုင်ရန်၊ အချုပ်သားများအတွက် ဆေးရုံအချုပ်ခန်းတစ်ခန်းသီးသန့်ဆောင်ရွက်ပေးရန်၊ နမ္မတူနှင့်ဘော်တွင်းရှိ ပျက်စီးနေသော ရဲဝန်ထမ်းအိမ်ရာများ ပြင်ဆင်ဆောက်လုပ်ပေးရန် မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားသည်။

ဒါမှသာ ချမှတ်ထားတဲ့မူဝါဒကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ပြီး မြန်မာနိုင်ငံရဲ တပ်ဖွဲ့ကို မြှင့်တင်နိုင်မှာ ဖြစ်ပါ တယ်” ဟု ဒေါ်နန်းခမ်းအေးက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့တစ်ခုလုံး၌ ဖွဲ့စည်းပုံအင်အား၏ ၄ရ ဒသမ ၆၉ ရာခိုင်နှုန်းရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လွှတ်တော်၌ ပြောကြားသည်။

ရဲတပ်ဖွဲ့အင်အားထပ်မံ ဖွဲ့ စည်းဖို့အတွက်ကတော့ ရရှိထားတဲ့ အင်အားတွေပေါ်မူတည်ပြီး  လိုအပ်နေတဲ့ ဒေသတွေအားလုံးကို ကျွန်တော်တို့ မျှဝေပြီးဖြည့် တင်းရတာဖြစ်တဲ့အတွက် ထပ်မံ စုဆောင်းရရှိရင်လည်း ဖြည့်တင်း နိုင်ဖို့စီမံနေပါတယ်” ဟု ဗိုလ်ချုပ် အောင်စိုးက ဆက်လက်ပြော ကြားသည်။

ထို့အပြင် အထက်ပါလွှတ်တော်ကိုယ်စားလှယ်က နမ္မတူ ဆေးရုံတွင် အချုပ်သားများ တက်ရောက်ကုသနေစဉ် ထွက်ပြေးသော ဖြစ်စဉ်ကို ဥပမာပေး၍ မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်ဆေးရုံများတွင် ဆေးရုံအချုပ်ခန်း မရှိမဖြစ်လိုအပ်နေကြောင်း ပြောကြားသည်။

ယင်းပြောကြားချက်အပေါ် ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဆေးရုံအချုပ်ခန်း ထားရှိခြင်းသည် ကျန်းမာရေးဝန်ကြီးဌာန၏ သဘောထားအပေါ် မူတည်ကြောင်း ပြန်လည်ဖြေကြားသည်။

ရဲသင်တန်းသားများ၏ လိုအပ်ချက်များ၊ မျှော်လင့်ချက်များကို မဖြည့်ဆည်းပေးနိုင်ပါက  အ ဖိုးတန်သည့် ရဲများမွေးထုတ်ပေးနိုင်မည်မဟုတ်ကြောင်းနှင့် ရဲသင်တန်းကို  အကောင်းဆုံးမြှင့်တင် ပေးရန်လိုကြောင်း၊ နိုင်ငံ့ဘဏ္ဍာရေးအခြေအနေအရ လုပ်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ ဇွန်လက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ အမှတ်(၁)ရဲလေ့ကျင့်ရေးကျောင်းသို့ သွားရောက်စဉ် ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ ရဲအင်အား စာရင်းများအရ ရဲနှင့်ပြည်သူဦးရေ အချိုးအစားမမျှတဖြစ်နေပြီး လူ ဦးရေထူထပ်ကာ ပြည်သူခုနစ် သန်းကျော်ရှိသော ရန်ကုန်တိုင်း တွင် ရဲ အင်အား ၅,၀၀၀ကျော်ရှိ ရာ ရဲတစ်ဦးလျှင် ပြည်သူ ၁,၃၀၀ ခန့်ကို ၀န်ဆောင်မှုပေးနေရသည်။ ချင်းပြည်နယ်ကဲ့သို့သော ဒေသ များတွင် ရဲတစ်ဦးလျှင် ပြည်သူ ၆၀၀ ကျော်ကို ၀န်ဆောင်မှုပေးနေရကြောင်း သိရသည်။

7DayDaily


15 Jun 2017     1,283 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS