အခုမိန်းကလေးနဲ့ တွေ့တဲ့ အချိန်မှာ အရက်၊ဘီယာ၊မိန်းမ ကိစ္စ ရှင်းသွားတဲ့ မိုးမိုး
14 Jun 2017 1,514 Views
လက်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ MNTV မှာလွှင့်မယ့် တစ္ဆေပျောက်ကြော်ငြာ ရုပ်သံ ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ထားပါတယ် ။ ဇာတ်လမ်းထဲမှာ သေချာလေး သရုပ်ဆောင်ထားတယ် ။သရဲ ဇာတ်လမ်းတွဲ ဆိုတော့ အ၀တ်အစားတွေက အစ စုတ်စုတ်ပြတ်ပြတ်စီစဉ်ရတဲ့ အခန်းတေါလည်းရှိပါတယ်။
သရဲ ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ရတဲ့ အတွက်မိတ်ကပ် effect တွေလိမ်းပြီး ရုပ်ဆိုးအောင်ပြင်ပြီး ပရိတ်သတ်ကို ခြောက်ဖို့ စိတ်ကူးထားတယ် ။ ဒါရိုက်တာကတော့ ကိုမိုးက သရဲ ဆိုပေမယ့် ချစ်စရာကောင်းတဲ့ သရဲ ပုံစံ လုပ်ရမယ်လို့ တော့ ပြောတယ် ။ဒါကြောင့် မိတ်ကပ်တွေ ဖျက်ပြီး သွေးစက်လေး နဲနဲ မျက်ကွင်းညိုအောင်ပဲ လုပ်ခဲ့ ရတယ်။
အချစ်ရေးနဲ့ ပတ်သတ်ပြီးတော့ အိမ်ထောင်ပြုပြီးသား လူ နောက်ထပ်အိမ်ထောင်ပြုလို့မရဘူးဆိုတဲ့ အပေါ်မှာ ကျွန်တော့် အနေနဲ့ လိုက်နာထားပါတယ် ။ ရှေ့ က အိမ်ထောင်နဲ့ ကွဲတာ လေးနှစ်ရှိသွားပါပြီ ။ ၂၀၁၃ ထဲက အခုထိပါ ။အရင်ကတော့ ကိုယ်မှားခဲ့ လို့ ဖြစ်စေ ဘယ်သူမှားခဲ့ လို့ ဖြစ်စေ အိမ်ထောင်တခု ကွဲသွားရင်နောက်အိမ်ထောင်ပြုကြတယ် ဒီလောက်ပါပဲ ။
အခြေအနေတခုကြောင့် ပရိတ်သတ်တွေက အရမ်းဝေဖန်လာရင် ကျွန်တော့ နေရာ ကနေ၀င်ခံစားကြည့်ပါ ။ ဘယ်သူမှ မရှိပဲ ကျွန်တော့ အနေနဲ့ ရက်ပေါင်း ၈၀၀ လောက်နေခဲ့ ရတယ် ။ အဲ့ ဒိလို အချိန်တွေ ဆိုရင် လူတစ်ယောက်အနေနဲ့ အဖော်ဆိုတာ ရှိသင့်ပါတယ် ။ ကျွန်တော် အခုဆို ရင် ဘီယာ လဲ မသောက်တော့ ဘူး ၊ အရက်လဲ မသောက်တော့ ဘူး ၊ ဆေးလိပ်လေး နည်းနည်း ပဲ သောက်တယ် ။
ပွင့်ပွင့်လင်းလင်းပြောရရင် အခုမိန်းကလေးနဲ့ တွေ့ပြီးတဲ့ အချိန် မှာ မိန်းမ ကိစ္စလဲ မရှိတော့ ဘူး ။ကျွန်တော့ Life က ဘယ်လို change သွားလဲ ဆို တာ အဲ့ ဒိ အချက်တွေ အပေါ် မူတည်ပြီးတော့ သိသာပါတယ်လို့” ပြောသွားခဲ့ ပါတယ် ။
Credit:oasis