BEC-TERO TV

မိုးဦးရာသီအွန်လိုင်းကနေအရောင်းအ၀ယ်ပြုလုပ်ရာမှာမိုဘိုင်းဖုန်း အရောင်းအ၀ယ် အများဆုံးဖြစ်နေ

14 Jun 2017     1,339 Views


အရောင်းအ၀ယ်အေးတတ်တဲ့ အခုလို မိုးဦးရာသီကာလမှာ အွန်လိုင်းပေါ်ကတဆင့် အရောင်းအ၀ယ် ပြုလုပ်ကြတဲ့ ဈေးကွက်မှာ မိုဘိုင်းဖုန်းတွေက အများဆုံး အရောင်းအ၀ယ်ဖြစ်နေတယ်လိုads.com.mm ရဲ့ စစ်တမ်းတွေအရ တွေ့ရပါတယ်။အွန်လိုင်းပေါ်ကတဆင့် အရောင်းအ၀ယ် ပြုလုပ်လိုသူတွေအတွက် အကောင်းဆုံးဝက်ဘ်ဆိုဒ် တစ်ခုဖြစ်တဲ့ ads.com.mm ၀က်ဘ်ဆိုဒ်မှာဆိုရင် ရောင်းချလိုတဲ့ပစ္စည်းကို ဈေးနှုန်း ၊ ပုံနဲ့တကွ ကြော်ငြာတင်ကာ ၀ယ်သူတွေဆီကို တိုက်ရိုက်ရောင်းချနိုင်ပါတယ်။

 

မိုးဦးရာသီဖြစ်သလို ယခုနှစ်ရဲ့ ရာသီဥတုအခြေအနေအရ အရောင်းပါးတတ်တဲ့ အခုလို အချိန်မျိုးမှာ ရောင်းသူနဲ့ဝယ်သူ ဖုန်းနဲ့ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ တိုက်ရိုက်ချိတ်ဆက်နိုင်အောင် ပြုလုပ်ပေးတဲ့ ads.com.mm လို ၀က်ဘ်ဆိုဒ်မှာ ကြော်ငြာတင်ပြီး ရောင်းဖို့ကို ရောင်းချသူတွေဘက်က ပိုမိုစိတ်ဝင်စားလာကြသလို ၀ယ်ယူသူတွေဘက်ကလည်း လိုအပ်တဲ့ပစ္စည်းတွေကို အပြင်ထွက်ပြီး တစ်နေရာပြီးတစ်နေရာ လိုက်လံရှာဖွေနေရမယ့်အစား အွန်လိုင်းပေါ်ကနေ စိတ်ကြိုက်ပစ္စည်းကို ဈေးနှုန်းကအစ ရောင်းသူနဲ့ တိုက်ရိုက်မေးမြန်း ညှိနှိုင်းနိုင်မယ့် ads.com.mm လို အရောင်းအ၀ယ် ကြော်ငြာဝက်ဘ်ဆိုဒ်တွေကို ပိုမိုအသုံးပြုလာကြပါတယ်။ads.com.mm ရဲ့ စာရင်းတွေအရ မိုဘိုင်းဖုန်းအရောင်းအ၀ယ် ကြော်ငြာတွေဟာ မိုးဦးရာသီ မေလအစောပိုင်း နှစ်ပတ်က အရေအတွက်ဖြစ်တဲ့ ( ၂၄၁၈ ) ခုသာ ရှိပေမယ့် ဇွန်လအစပိုင်းမှာတော့ (၄၆၆၂) ခုအထိရှိလာပြီး ထက်ဝက်နီးပါး ပိုမိုများပြားလာတာ တွေ့ရပါတယ်။

 

Ads.com.mm အကြောင်း

မြန်မာနိုင်ငံအတွင်း နေထိုင်သူမည်သူမဆို ရောင်းချလိုတဲ့ ပစ္စည်းကို Ads.com.mm မှာ အွန်လိုင်းကနေ ကြော်ငြာအခမဲ့တင်ပြီး အရောင်းအ၀ယ် ပြုလုပ်နိုင်တဲ့ website တစ်ခုဖြစ်ပါတယ်။ ads.com.mm မှာ ကြော်ငြာတင်ရန် ၂ မိနစ်သာ အချိန်လိုအပ်ပြီး ကွန်ပြူတာ နှင့် မိုဘိုင်းဖုန်း နှစ်မျိုးစလုံးမှာ မြန်မာ၊ အင်္ဂလိပ် ဘာသာစကား နှစ်မျိုးစလုံးနဲ့ အသုံးပြုနိုင်တယ်။ads.com.mm  ကို အသုံးပြုကြတဲ့ Customers များအတွက် အထူးအစီအစဉ်အနေနဲ့လည်း VIP အစီအစဉ်များ ထားရှိထားပါတယ်။ VIP plan ကို အသုံးပြုသူတွေအနေနဲ့ အသက်သာဆုံးသောနှုန်းထားနဲ့ Website ကအရောင်းပို့စ်တွေရဲ့ ထိပ်ဆုံးမှာ နေရာယူနိုင်မှာ ဖြစ်ပြီး ၀ယ်သူတွေရဲ့ စိတ်ဝင်စားမှုကိုလည်း အများဆုံးရရှိနိုင်တဲ့ အစီအစဉ်ဖြစ်ပါတယ်။အသုံးပြုသူများအနေနဲ့ ကား ၊ အိမ်ခြံမြေ ၊ လျှပ်စစ်ပစ္စည်း ၊ အ၀တ်အစား ၊ အိမ်ထောင်ပရိဘောဂ အစရှိသဖြင့် အမျိုးအစားကဏ္ဍစုံလင်စွာ စိတ်ကြိုက်ကြော်ငြာများ တင်ပြီး အရောင်းအ၀ယ် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဂိုဒေါင်ရှင်းဈေးရောင်းပွဲ၊ တစ်ပတ်ရစ်ပစ္စည်းများ ၊ အရောင်းဆိုင်များမှ ပစ္စည်းသစ်များ ၊ ၀န်ဆောင်မှုများကိုပါ ကြော်ငြာရောင်းချနိုင်ပါတယ်။ads.com.mm  ကို ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးမှ အရောင်းအ၀ယ်ကြော်ငြာများ အခမဲ့တင်နိုင်တဲ့ website တစ်ခုဖြစ်ပါတယ်။


14 Jun 2017     1,339 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS