ကံကြမ္မာဆိုးကြောင့် အားကိုးရာမဲ့ခဲ့တဲ့ သမီးငယ်
14 Jun 2017 1,323 Views
၁၂ရက်နေ့ ညက ပုဏ္ဏားကျွန်းမြို့ နယ်၊ ယိုးတရုပ်ကျေးရွာမှာတိုက်ခပ်သွားတဲ့လေဆင်နှာမောင်းကြောင့်
အဘွားဖြစ်သူ ဒေါ်ရွှေမြဖြူ ၊ မိခင်မခင်စောတို့ နှင့်အတူအိပ်နေစဉ် ကံကြမ္မာ၏ ရက်စက်မှုကြောင့်
၂နှစ်ခွဲ သမီးငယ် ခိုင်နွေးဦးတို့ ၏အိမ်က လေဆင်ရိုင်း၏ပြင်းထန်သည့်ရိုက်ချက်ဖြင့် ၃ဦးသား ပေ ၈၀၀ ခန့် 
အထိလွှင့်စင်သွားရသည်။
လေငြိမ်ပြီးနောက် ရွာသားများက အိမ်နောက်ဘက်လယ်ကွင်းများသို့ ရှာဖွေရာ ဒါဏ်ရာများဖြင့်ငိုယိုနေသည့် မခိုင်နွေးဦးနှင့်အသက်နှင့်ခန္ဒာကင်းကွာနေသည့် မိခင်နှင့်အဖွားဖြစ်သူကို တွေ့ ရှိခဲ့ရသည်။သမီးငယ် ခိုင်နွေးသည် ဒါဏ်ရာကြောင့် ယိုးတရုပ်တိုက်နယ်ဆေးရုံတွင် ကုသမှုခံယူလျှက်ရှိပါသည်။ ဖခင်ဖြစ်သူ ဦးမောင်ကြည်မှာ ပြည်ပတွင်အလုပ်နေပြီး သေဆုံးသွားသည့် မိခင်လည်း ပြည်ပ၌အလုပ်လုပ်ပြီး ပြန်လာသည်မှာ ၄ရက်သာရှိသေးသည်။
Source : Tin Nyein Oo