BEC-TERO TV

စက်ဘီးသူခိုးဟုစွပ်စွဲကာ ရုပ်ပျက်အောင် မျက်နှာတွင် တက်တူးစာတန်းထိုးခံရ

14 Jun 2017     1,334 Views


ဘရာဇီးနိုင်ငံက အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးဟာ စက်ဘီးတစ်စီး ခိုးယူတယ်ဆိုပြီးသူ့ရဲ့နဖူးမှာ သေရာပါအောင် တက်တူးနဲ့ စာတန်းထိုးခံခဲ့ရပါတယ်။

အမည်ဖော်ပြထားခြင်းမရှိတဲ့ လူငယ်တစ်ဦးဟာ ခြေထောက်တစ်ဖက်သာရှိတဲ့ လူကြီးတစ်ဦးရဲ့ စက်ဘီးကို ခိုးယူတယ်လို့ စွပ်စွဲပြီးနောက် Wesley ဆိုသူက ဖမ်းဆီးခဲ့ပါတယ်။ Wesley ဟာ လူငယ်ကို ဘယ်လိုအပြစ်ပေးရမလဲလို့ စဉ်းစားပြီးနောက် သူဟာ တက်တူးဆရာတစ်ယောက်ဖြစ်တာမို့ မှတ်လောက်သားလောက်အောင် နဖူးမှာ “ကျွန်တော်ဟာ အရှုံးသမား သူခိုးတစ်ယောက်ပါ”ဟု အဓိပ္ပါယ်ရတဲ့ စာတန်းကို တက်တူး ထိုးပေးလိုက်ပါတယ်။


ဗီဒီယိုထဲမှာ Wesley ဟာ သူ့ရဲ့အဖော်တစ်ဦးနဲ့အတူ လူငယ်ရဲ့ နဖူးကို တက်တူးထိုးပေးခဲ့ပြီးနောက် မင်းတက်တူးကို မင်းကြိုက်ရဲ့လားလို့ လူငယ်ကို ပြန်မေးခဲ့ပါတယ်။

လူငယ်ဟာ စက်ဘီးကိုခိုးယူခဲ့တာမဟုတ်ပဲ အဲသည်အချိန်က သူအရက်မူးလွန်နေတဲ့အတွက် စက်ဘီးကို ကိုင်မိသလိုဖြစ်သွားတာကို Wesley နဲ့ သူ့ရဲ့အဖော်ဖြစ်သူက ဖမ်းခေါ်သွားပြီး နဖူးမှာ စာတန်းတက်တူး အတင်းထိုးပေးခဲ့ကြောင်း ပြည်တွင်းသတင်းစာတစ်စောင်ကို ဖြေကြားခဲ့ပါတယ်။

သူဟာ ကျောင်းသားတစ်ဦးဖြစ်တဲ့အတွက် ယခုလိုနဖူးမှာ စာတန်းထိုးခံလိုက်ရတာက သူ့ရဲ့အနာဂါတ်ကို ဖျက်ဆီးခံလိုက်ရသလိုဖြစ်နေတဲ့အတွက် သူ့ရဲ့ မိသားစုတွေက တက်တူးကို ဖျောက်နိုင်ဖို့တတ်နိုင်သလောက် ကြိုးစားနေကြကြောင်း သတင်းမီဒီယာမှာ ပျံ့နှံ့သွားခဲ့ပါတယ်။

အဲဒီအခါမှာတော့ လူငယ်အတွက် ကမ်ပိန်းတစ်ခုတည်ထောင်ပြီး အလှူခံပေးခဲ့ရာ အမေရိကန်ဒေါ်လာ ၆,၀၀၀ နီးပါးရရှိခဲ့ပြီး တက်တူးဖျောက်ဖို့နဲ့ လိုအပ်တဲ့ ကုသမှုတွေကိုခံယူလျှက်ရှိပါတယ်။

ယခုလို လူငယ်တစ်ဦးအပေါ် မဆင်မခြင်နဲ့ လူမဆန်တဲ့အလုပ်ကို လုပ်ခဲ့သူ Wesley နဲ့ သူရဲ့သူငယ်ချင်း Ronildo Moreira de Araujo တို့နှစ်ဦးကို ဇွန်လ ၁၀ ရက်နေ့က ညှဉ်းပမ်းနှိပ်စက်မှုနဲ့ ရဲက ဖမ်းဆီးခဲ့ပါတယ်။


 


14 Jun 2017     1,334 Views




RELATED

Most Popular of International News

Most Popular of NEWS