သမီးရည်းစားချိန်းတွေ့ရာမှ စကားများပြီး လူသတ်မှုဖြစ်
14 Jun 2017 1,599 Views
၁၃ ၆ ၂၀၁၇ ရက်နေ့ ၂း၃၀အချိန်ခန့်ကလမ်းခွအုပ်စုပေါမောကျေးရွာနေဆယ်အိမ်စုမှူးဦးရွှေမြင့်(ဘ)ဦးလှဆင့်၏သားမှ ကူမဲနယ်မြေရဲစခန်းသို့ လူသတ်မှုဖြစ်ပွားခဲ့ကြောင်းသတင်းပေးပို့ခဲ့ပါသည်။
ဖြစ်စဉ်မှာဦးရွှေမြင့်ကူမဲမြို့သို့ရောက်ရှိနေစဉ်တစ်ရွာတည်းနေဦးတိုင်းကျော်မှ၎င်း၏သားဖြစ်သူမောင်ပြည့်ဖြိုးဦး(ခ)ဖြိုးတင့်အသက်(၂၁နှစ်)သည်၁၃ ၆.၂၀၁၇ နံနက်၁၀း၃၀အချိန်ခန့်ကသီလင် ကျေးရွာထန်းတောကုန်းနေ(အဘ)ဦးထွန်းစီ၏ သမီးဖြစ်သူမသင်းသင်းနွယ် အသက်(၃၁နှစ်)နှင့် ချစ်သူတို့သဘာဝ ကဆွန်ကျေးရွာအုပ်စုပိုင်မင်းကိုးပါးတောအနီးချိန်းဆိုတွေ့ဆုံခဲ့ကြရာမှ စိတ်အခန့်မသင့်ကြဘဲ စကားများ ရန်ဖြစ်ခဲ့ကြကြောင်း ထိုသို့စကားများရာမှပြည့်ဖြိုးဦး(ခ)ဖြိုးတင့်မှ စိတ်မထိန်းနိုင်ဘဘဲ ပါလာသည့်အရိုးအသွား ၁၁လက်မရှိစတီးဒါးဦးချွန်နှင့်ထိုးလိုက်ရာ မသင်းသင်းနွယ်၏ ဝဲဖက် ရင်အုံအောက်ထိုးမိပြီး လဲကျသေဆုံးခဲ့ကြောင်း လက်ကိုင်ဖုန်းဖြင့်သတင်းပေးခဲ့ပါသည်။
ဦးရွှေမြင့်မှဆက်လက်၍သက်ဆိုင်ရာကူမဲနယ်မြေရဲစခန်းသို့သတင်းပေးပို့ခဲ့ရာကူမဲနယ်မြေရဲစခန်းမှူးရဲအုပ်အောင်မိုး သက်သေများဖြစ်သူကူမဲအုပ်ချူ ပ်ရေးမှူးဦးမောင်မောင် ပေါမောကျေးရွာဆယ်အိမ်စုမှူးဦးရွှေမြင့်တို့သည် အခင်းဖြစ်ပွားရာနေရာသို့ပြည့်ဖြိုးဦး(ခ)ဖြိုးတင့်အားခေါ်ဆောင်လျက်သွားရောက်ခဲ့ရာဦးဥာဏ်လင်းပိုင်နှမ်းနှင့်ပဲတီစိမ်းစိုက်ခင်းအတွင်းသေဆုံးနေသောမသင်းသင်းနွယ်၏ရုပ်အလောင်းအားတွေ့ရှိခဲ့ရပါသည်။ရုပ်အလောင်းအားကူမဲမြို့ဗြဟ္မပါလနာရေးကူညီမှုယာဉ်ဖြင့်သယ်ဆောင်ပြီးကူမဲဆေးရုံသို့ပို့အပ်ကာမသင်းသင်းနွယ်အားသေဆုံးအောင် ရန်ပြုလုပ်ဆောင်ခဲ့သူပြည့်ဖြိုးဦး(ခ)ဖြိုးတင့်အား ကူမဲနယ်မြေရဲစခန်းမှူးရဲအုပ်အောင်မိုးမှတရားလိုပြုလုပ်ပြီး သက်ဆိုင်ရာဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Source: ကူမဲ အုပ်ချုပ်ရေးမှူး