မွေးနေ့ကို အလှူလုပ်ရင်း ဖြတ်သန်းခဲ့ တဲ့ ခန့်စည်သူ
14 Jun 2017 1,315 Views
အကယ်ဒမီ ခန့်စည်သူဟာ ဇွန်လ ၁၁ ရက်နေ့မှာ ကျရောက်ခဲ့ တဲ့မွေးနေ့မှာ မေတ္တာသင်္ဂဟ အဖွဲ့နဲ့ အတူ အလှူတွေ လုပ်ခဲ့ တယ်လို့ သိရပါတယ် ။
၁။ဓမ္မဝိဟာရ ပထမကျော်စာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် အလှူတော်ငွေ ကျပ်သိန်း(၅၀)၊
၂။ရွှေပါရမီပညာရေးဖောင်ဒေးရှင်းအတွက်အလှူတော်ငွေ ကျပ်(၁၀)သိန်း၊
၃။Y8လေယာဉ်ဖြစ်စဉ်တွင်ပါဝင်သွားခဲ့ကြသော(ကြည်း/ရေ/လေ)တပ်မတော်သားများနှင့်မိသားစုများအားစာနာထောက်ထားလှူဒါန်းငွေ ကျပ်(၁၀)သိန်း၊
၎။ရှေ့နေဆရာဦးကိုနီ၏ကျန်ရစ်သူမိသားစုအားထောက်ပံ့လှူဒါန်းငွေကျပ်(၁၀)သိန်း၊
၅။ကိုနေဝင်း၏ကျန်ရစ်သူမိသားစုဝင်များအားထောက်ပံ့လှူဒါန်းငွေကျပ်သိန်း(၄၀)၊
စုစုပေါင်းကျပ်သိန်း(၁၂၀)ကို လှူဒါန်းခဲ့ ပါတယ် ။
အခုလို လှူဒါန်းခွင့်ရခဲ့တဲ့အတွက် လဲ မေတ္တာသင်္ဂဟအဖွဲ့ဝင်များ၊အနယ်နယ်အရပ်ရပ်မှအလှူရှင်များ၊မွေးနေ့ဆုတောင်းပေးကြတဲ့ချစ်မိတ်ဆွေများ၊ပရိတ်သတ်များနှင့် media အသီးသီးမှ မိတ်ဆွေများ အားလုံး၊အားလုံးကို ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။ ။
စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံပြီး၊ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေ လို့လဲ ဆုတောင်းပေးခဲ့ ပါတယ်။