ထိုင်းနှင့်မလေးရှားကို ပုံမှန်ဖုန်းခေါ်ဆိုမှုနှုန်းထားထက် ၉၀% သက်သာစွာ ဆက်သွယ်နိုင်ပြီ
13 Jun 2017 1,406 Views
တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) အသုံးပြုသူများအနေဖြင့် ထိုင်းနှင့် မလေးရှားနိုင်ငံများရှိ၎င်းတို့၏ သူငယ်ချင်းများနှင့် မိသားစုများထံသို့ မြန်မာနိုင်ငံတွင်းမှ ခေါ်ဆိုမှုအတွက် ပြည်တွင်းနှုန်း ထားသာ ကျသင့်မည့် နိုင်ငံတကာ ဖုန်းခေါ်ဆိုမှု အထူးပရိုးမိုးရှင်း အစီအစဉ်တစ်ခုကိုပါ မိတ်ဆက်လိုက်ပါသည်။
ယခုအထူး ပရိုမိုးရှင်းအစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင်းရှိ တယ်လီနောသုံးစွဲသူများအနေဖြင့် ထိုင်းနိုင်ငံရှိ dtacနှင့် မလေးရှားရှိ digi ဖုန်းများသုံးစွဲသည့် မိတ်ဆွေများနှင့် မိသားစုဝင်များကို ပုံမှန်ပြည်တွင်းခေါ်ယူမှုနှုန်းနီ
“အခု မိတ်ဆက်လိုက်တဲ့ အထူးပရိုးမိုးရှင်း အစီအစဉ်ဟာ အဆန်းသစ်ဆုံးနဲ့ ဈေးနှုန်း အသက်သာဆုံး ဖုန်းခေါ်ဆို မှုတွေ၊ ဒေတာ ဝန်ဆောင်မှုတွေကို တယ်လီနော အသုံးပြုသူတွေ ရရှိနိုင်စေရမယ် ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ် တစ်စိတ် တစ်ပိုင်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ရယူပြီး တယ်လီနော သုံးစွဲသူတွေ အနေနဲ့ ထိုင်းနဲ့ မလေးရှားက မိတ်ဆွေတွေ မိသားစုဝင်တွေကို ပြည်တွင်းခေါ်ဆိုမှုနှုန်းထားနီးနီ
ထိုင်းနှင့် မလေးရှားတို့သို့ မြန်မာနိုင်ငံတွင်းမှ ခေါ်ဆိုပါက ပုံမှန်ကျသင့်နှုန်းထားမှာ တစ်မိနစ် ၂၀၀ ကျပ်ဖြစ်ပြီး ယခု ပရို မိုးရှင်း အစီအစဉ်ကို ရယူပြီး ထိုင်းနှင့် မလေးရှားရှိ မိတ်ဆွေနှင့် မိသားဝင်များကို ခေါ်ဆိုပါက ပုံမှန်နှုန်းများထက် ၉၀% ခန့် သက်သာစေမည် ဖြစ်ပါသည်။တယ်လီနော၏ TMIDD အစီအစဉ်ကို ရယူထားသူများ အနေဖြင့် ယင်းအစီအစဉ်ကုန်ဆုံးပြီးနောက်မှသာ ယခု ပရိုမိုးရှင်း အစီအစဉ်ကို ရယူနိုင်မည် ဖြစ်ပါသည်။ TMIDD မှာ တယ်လီနောသုံးစွဲသူများအတွက် ထိုင်းရှိ dtac နှင့် မလေးရှားရှိ digi အသုံးပြုသော မိတ်ဆွေနှင့် မိသားဝင်များကို ခေါ်ဆိုရန် ပြီးခဲ့သည့် ဒီဇင်ဘာလက မိတ်ဆက်ခဲ့သည့် အလားတူ ပရိုမိုးရှင်း အစီအစဉ်တစ်ခု ဖြစ်ပါသည်။