အချစ်ရေးနဲ့ ပတ်သတ်ပြီးအပြောင်းအလဲ ရှိတယ်လက်ရှိချစ်သူကို သဘောကျတယ်ဆိုတဲ့ သားသား
13 Jun 2017 1,339 Views
တတိယမြောက်အခွေ ထွက်ဖို့ စီစဉ်နေတဲ့ သားသား ဟာ အခွေအတွက် အတီး ၊ အသွင်း ၊ အချော အားလုံးပြီးအောင်လုပ်ပြီး ဒီနှစ်မိုးကုန်ရင်ထွက်နိုင်အောင် ကြိုးစားနေပါတယ် ။အခြေအနေက ငါးဆယ် ရာခိုင်နှုန်းလောက်ပြီးသွားပြီ သီချင်းတွေက အတီး နဲ့ အသွင်းမှာပဲ ကြာမှာ သီချင်းတွေက အများကြီး ဖြစ်နေပြီ အချောသွင်း တဲ့ နေရာမှာ ကြာနေတယ် ရှေ့ခွေက music အစုံလုပ်ထားတော့ ဒီအခွေမှာ လူကြီးဆန်ဆန် ပုံစံလေးတွေပါမယ်။
သီချင်းတွေကို အိမ်မှာပဲ ရေးဖြစ်တယ် ။ ပွဲတွေ ရှိရင်ဆိုတယ် ။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတယ် ။အချစ်ရေးကတော့ ထွေထွေထူးထူးမရှိပါဘူး ပုံမှန်ပါပဲ ။အသက်အရွယ်အရ အပြောင်းအလဲ လေးတွေတော့ ရှိတယ် လက်ရှိချစ်သူကို သဘောကျပါတယ်” လို့ ပြောသွားခဲ့ ပါတယ် ။
Credit:oasis