ကျောင်းသူ၊ကျောင်းသားများကို တင်ဆောင်လာတဲ့ စက်လှေ တိမ်းမှောက်
13 Jun 2017 1,348 Views
ချင်းတွင်းမြစ်ကြောင်း အတွင်း အမြန်ရေယာဉ်နှစ်စီး အပြိုင် မောင်းနှင်မှုကြောင့်ကျောင်းသားစက်လှေ တစ်စီးတိမ်းမှောက်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါဖြစ်စဉ်မှာ (၁၂.၆.၂၀၁၇) နေ့ကဖြစ်ပျက်ခဲပြီးမင်းကင်းမြို့နယ် ရွာဘ ကျေးရွာကနေကြွေကျေးရွာကို ကျောင်းသွားတက်နေရတဲ့ ကျောင်းသား ကူးတို့စက်လှေ တစ်စီးတိမ်းမှောက်ခဲ့ခြင်း ဖြစ်ပါတယ်။ဖြစ်ပျက်ပုံမှာ အစုန်အမြန်ရေယာဉ် နှစ်စီး ပြိုင်မောင်းရာမှလှိုင်းလုံး ကြီးပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိတွင်ရွာဘကျေးရွာကနေ ကြွေကျေးရွာကို ကျောင်းသွားတက်နေတဲ့ ကျောင်းသူ / ကျောင်းသားဦးရေ(၈၀)ဝန်းကျင်ရှိပါတယ်။ကျောင်းသားအကြိုအပို့ လုပ်နေတဲ့ စက်လှေနှစ်စီးမှာတစ်စီးတိမ်းမှောက်တာ ဖြစ်ပြီး စက်လှေမှောက်သွားတာကိုရပ်ရွာကလူတွေက သိပြီးအလျှင်အမြန်သွားရောက်ကယ်လိုက်နိုင်တာကြောင့်အသက်ဆုံးရှုံးမှုမရှိကြောင်း ရွာခံများကဆိုပါတယ်။
စက်လှေတိမ်းမှောက်မှုကြောင့်ကျောင်းသူ/ကျောင်းသားတွေ အနေနဲ့နေ့စဉ်သယ်ယူနေရတဲ့ စာအုပ်တွေ အကုန် ရေစိုပျက်စီးခဲ့ကြောင်း၊မြစ်တစ်ဖက်ကမ်းမှာ ကျောင်းသွားတက်နေရတဲ့ကျောင်းသူ/ကျောင်းသားတွေမှာ
မည်သည့်အသက်ကယ် အင်္ကျီမှ မပါကြောင်းနဲ့ကျေင်းသားကလေးတွေအနေနဲ့အတော်အသင့် ကူးခတ်တတ်ပြီး ရပ်ရွာက လူတွေ အလျှင်အမြန် ကယ်တင်နိုင်တာကြောင့် အသက်မသေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။