BEC-TERO TV

ခွဲမွေးဖို့နဲ့ ရိုးရိုးမွေးဖို့ ဝေခွဲရခက်နေတဲ့ မိုးယု

12 Jun 2017     1,300 Views


ရင်သွေးလေး လွယ်ထားရပြီး ခြောက်လရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်မိုးယုစံ ဟာ သြဂုတ်လ ထဲမှာ Due Date ကျပြီလဲ ဖြစ်ပါတယ်။ ဘယ်ဆေးရုံးမှာ မွေးမယ်ဆိုတာကတော့ မဆုံးဖြတ်ရသေးပါဘူး ။ ခွဲမွေးရင်ကောင်းမလား ရိုးရိုးမွေးရင်ကောင်းမလား စဉ်းစားနေတာ ။ ဆေးကျောင်းနောက်ဆုံးနှစ်အထိတက်ဘူးတဲ့ မိုးယု ယောက်က်ျားကတော့ ရိုးရိုးမွေးဖို့ပဲ တိုက်တွန်းတယ် ။ ဆေးကြောင်းနောက်ဆုံးနှစ်မှ လေကြောင်းတက္ကသိုလ်ကိုပြောင်းသွားတာဆိုတော့ ဆေးပညာ ဗဟုသုတ ရှိတယ် ။

မိုးယုရဲ့ အရပ် ၊ခန္ဓကိုယ်အချိုးအစားကို ကြည့်ပြီး ရိုးရိုးမွေးလို့ အဆင်ပြေတယ် ရိုးရိုးမွေးဖို့ တိုက်တွန်းတယ် ။ မိုးယု က ရိုးရိုးလဲ မွေးချင်တယ် ကြောက်လဲ ကြောက်တယ် ။ အခုတော့ ရိုးရိုးမွေးရင်တောင် ဗိုက်မနာတော့ တဲ့ ကုထုံးတွေ ရှိနေပြီဆိုတော့ စဉ်းတော့ စဉ်းစားနေတယ် ။

အခုချိန်ထိ ချစ်ပေးကြတဲ့ ပရိတ်သတ်ကို ကျေးဇူးတင်ပါတယ်။ ရှေ့ဆက်ပြီး အနုပညာ အလုပ်တွေ ဆက်လုပ်သည်ဖြစ်စေ မလုပ်တော့ သည်ဖြစ်စေ ဆက်ပြီး ချစ်ပေးပါအုံးလို့ ပြောသွားခဲ့ ပါတယ် ။

Credit: oasis


12 Jun 2017     1,300 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment