BEC-TERO TV

ခလုပ်နှိပ်လုပ်စားနေတယ်လို့ သတင်းကြီးနေတဲ့ သိရိမင်္ဂလာဈေးနားက ယာဉ်ထိန်းရဲတွေ

11 Jun 2017     1,435 Views


ရန်ကုန်မြို့ပေါ်က သီရိမင်္ဂလာဈေးနားရှိ မီးပွိုင့်တစ်ခုတွင် ယာဉ်ထိန်းရဲတွေ မီးပွိုင့်ကို ခလုပ်တစ်ခုနှင့် ထိန်းကာ မော်တော်ယာဉ်မောင်းနှင်သူများကို အကွက်ဆင်၍ ဖမ်းဆီးကာ ဒဏ်ငွေရယူနေကြောင်း လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်တွင် ဗီဒီယိုအထောက်အထားများနှင့်တစ်ကွ ပျံ့နှံ့ခဲ့ပါတယ်။
 
သီရိမင်္ဂလာဈေးတည်ရှိရာ နေရာသည် ကုန်စိမ်းကား၊ ခရီးသည်တင်ယာဉ်၊ ကိုယ်ပိုင်ယာဉ်၊ ကွန်တိန်နာယာဉ်များနှင့် အမြဲမပြတ် ရှုပ်ထွေးနေတတ်သော ရန်ကုန်မြို့၏ နေရာတစ်ခုဖြစ်သည်။ နိုင်ငံတော်အစိုးရက အလိုအလျှောက် ထိန်းချုပ်နိုင်မည့် မီးပွိုင့်စနစ်များကို တပ်ဆင်လျှက်ရှိနေသော်လည်း မပြီးပြတ်သေးသည့်နေရာများ ရှိနေသေးသည်။
 
မည်သို့ပင်ဆိုစေကာ မီးပွိုင့် အနီ၊ အစိမ်းကို ခလုပ်တစ်ခုနှင့် ဖွင့်လိုက် ပိတ်လိုက် လုပ်နေခြင်းက ယာဉ်မောင်းနှင်သူများအတွက် အလွန်အန္တရာယ်များလှသည်။ နံပါတ်ပေါ်နေသည့် မီးပွိုင့်များကို ယခုကဲ့သို့ ခလုတ်နှင့် ထိန်းခြင်းက အန္တရာယ် အများဆုံးပင်ဖြစ်သည်။ 
 
မီးပွိုင့်အစိမ်းက နံပါတ် ၃၀ လောက် ပြနေချိန် ယာဉ်မောင်းသူက လွတ်အောင် မောင်းလားစဉ် မီးပွိုင့်ဖြတ်ခါနီးမှ ရုတ်တရက် မီးနီသွားတာမျိုးကို ကြုံရတတ်ပြီး အရှိန်ချက်ခြင်းသတ်မရ၍ ဖြတ်မောင်းမိသည့်အခါမျိုးတွင် မီးနီဖြတ်မောင်းမှုဖြင့် ရှေ့မှစောင့်ကြိုနေသော ယာဉ်ထိန်းရဲက ဖမ်းတတ်သည်။
 
ယခုလည်း အလားတူ အဖြစ်အပျက်မျိုး ကြုံခဲ့ရသူ Htwe Zaw အကောင့်ပိုင်ရှင်က သူ၏ဖေ့စ်ဘွခ်စာမျက်နှာတွင် ဗီဒီယိုနှင့်တစ်ကွ အောက်ပါအတိုင်း ရေးသားခဲ့ပြီး ပြန်လည်ဝေမျှသူ၊ ဝေဖန်သူများ များပြားခဲ့သည်။
ရန်ကုန်သီရိမင်္ဂလာဈေးမီးပွိုင့်မှာ မကွေးက ၆ဘီးကား မီးနီတယ်ဆိုပြီး ခလုတ်လေးတစ်ခုနဲ့ လုပ်စားနေတာပါ တကယ်တော့ မီးနီကိုမဖြတ်ခဲ့ရပါ ကားဆရာကို လိုင်စင်တွေသိမ်းသွားတော့ ဒဏ်ငွေ၅,၂၅၀၀တဲ့ အသနားခံလိုက်တော့မှ ဒဏ်ငွေ ၁သောင်းဆောင်ခဲ့ရပါတယ် နောက်ပြီးကားဆရာကို မင်းဘာသာ ၁သောင်းရရ ၂သောင်းရရ ငါတို့နဲ့မဆိုင် ငွေမပေးရင် လိုင်စင်ပိတ်သိမ်းမယ်တဲ့ ခြိမ်းခြောက်တာလည်း ခံလိုက်ရသေး..
ဟု ရေးသားဖော်ပြခဲ့သည်။
 

ဒဏ်ငွေဆောင်ခိုင်းသည့် ဗီဒီယို

 

ခလုပ်ကစားသည့် ဗီဒီယို
 
Source: Htew Zaw FB

11 Jun 2017     1,435 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS