BEC-TERO TV

Miss Myanmar World 2017 Winner ဆုကို အလှမယ် အိကျော့ခိုင်ဆွတ်ခူး

11 Jun 2017     1,426 Views


ဇွန်လ (၁၀)ရက်နေ့ ညပိုင်းက Myanmar Event Park တွင် ကျင်းပပြုလုပ်ခဲ့သော Miss Myanmar World 2017 ၏ အလှမယ်ရွေးချယ်ပွဲတွင် Winner ဆုရှင်အဖြစ် အိကျော့ခိုင်က ဆွတ်ခူးခဲ့သည်။
 
 
 
 
Winner ဆုရှင် အိကျော့ခိုင်က Forever Gems က ချီးမြှင့်တဲ့ ဒေါ်လာ ၂၅,၀၀၀ တန် သရဖူ၊ Thai AirAsia မှ ဒေါ်လာ ၁၇,၅၀၀ တစ်နှစ်စာ လေယာဉ်လက်မှတ်၊ Samitivej Hospital Group မှ ကျပ ၁၉ သိန်း ၉ သောင်းတန်ဖိုးရှိ Skin Care Treatment Voucher နှင့် Brand Ambassador အဖြစ် တစ်နှစ်ခန့်အပ်ခံရပြီး Miss Myanmar World Organization မှ ချီးမြှင့်သည့် ငွေကျပ် သိန်း(၁၀၀)နှင့် စလွယ်တို့ကို ရရှိခဲ့ပါတယ်။
 
 
1st Runner UP ဆုရှင်အဖြစ် ကချင်တိုင်းရင်းသူလေး ဂျာဆိုင်းအိန် က ရရှိခဲ့သည်။ ဆုကြေးများအဖြစ် Forever Gems မှ ချီးမြှင့်သည့် ဒေါ်လာ ၁၅,၀၀၀ တန် သရဖူ၊ Thai AirAsia မှ ဒေါ်လာ ၁,၅၀၀ တန် နှစ်ယောက်စာ လေယာဉ်လက်မှတ်၊ Miss Myanmar World Organization မှ ချီးမြှင့်သည့် ငွေကျပ် သိန်း(၃၀)နှင့် စလွယ်တို့ကို ရရှိခဲ့ပါတယ်။
 
 
2nd Runner Up ကိုတော့ ရခိုင်တိုင်းရင်းသူလေး အိနုဝေ ဆွတ်ခူးရရှိခဲ့ပြီး ဆုကြေးအဖြစ် Forever Gems မှ ချီးမြှင့်သည့် ဒေါ်လာ ၁၅,၀၀၀ တန် သရဖူ၊ Thai AirAsia မှ ဒေါ်လာ ၁,၅၀၀ တန် နှစ်ယောက်စာ လေယာဉ်လက်မှတ်၊ Miss Myanmar World Organization မှ ချီးမြှင့်သည့် ငွေကျပ် သိန်း(၂၀)နှင့် စလွယ်တို့ကို ရရှိခဲ့ပါတယ်။
 
 
Miss Myanmar World 2017 Winner ဆုရှင် အလှမယ် အိကျော့ခိုင်ဟာ လာမယ့် Miss World ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်တစ်ဦးအဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
 
Photos: Kix Visual Art & Wedding Service
 

11 Jun 2017     1,426 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS