ဒါ … ပြောင်းလဲလိုက်တဲ့ ပညာရေးစနစ်လား ဆိုပြီး အွန်လိုင်းတွင် ဝေဖန်မှုများ
09 Jun 2017 1,498 Views
ကလေးတွေကို သင်ပေးဖို့ လေ့ကျင့်နေတာတဲ့ဗျာ … ကြားလို့မှ ကောင်းကြသေးရဲ့လား? ကျွန်တော်တို့ ကျောင်းသားဘဝ က လွှမ်းမိုးဆိုခဲ့တဲ့ သီချင်းကို ကလေးတွေကို သင်ပေးမလို့တဲ့ဗျာ ။
ဘာအနှစ်သာရမှ မရှိတဲ့ သီချင်းကို ကလေးတွေကို သင်ပေးမလို့တဲ့ ။ ကလေးတွေရဲ့ အနာဂတ်ကို ရည်ရွယ်ချက် ရှိရှိဖျတ်ဆီးနေသလားလို့တောင် ထင်မိတယ် ။
A , B , C ,D သင်ဖို့ အာ့လောက်တောင် သီချင်းရှားနေလား? နဂိုမူလ A to Z ထိ တောက်လျှောက်ဆိုသွားတဲ့ သီချင်းက ဘာဖြစ်နေလို့တုန်း ။
နောက်ဆို ကလေးတွေက BB ဘရန်ဒီ သောက်ခါစိတ်ဖြေမည် ဆိုပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်ဆိုတာ စိတ်ဖြေဖို့ သောက်တဲ့ အရည်မှန်း သိစေချင်တာလား? အရက် သောက်ရင် စိတ်ဖြေလို့ရတယ် ဆိုတဲ့ အသိပေးချင်တာလား?
ဒါ … မြန်မာ့ ပညာရေးစနစ်ကို ပြောင်းလဲတာလား? မြန်မာ့ ပညာရေးစနစ်ကို သတ်လိုက်တာလား? ဒါမှမဟုတ် ပြောင်းလဲရင်ပြီးရော အကုန်လျောက်လုပ်နေကြတာလား?
Source: https://www.facebook.com/profile.php?id=100011251598488&hc_ref=NEWSFEED