BEC-TERO TV

အမှိုက်သိမ်းရာမှာလုပ်ငန်းတွင်ကျယ်အောင်အမှိုက်သိမ်းသုံးဘီး ဆိုင်ကယ်တွေ ပြောင်းလဲအသုံးပြုမည်

09 Jun 2017     1,333 Views


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေး ဌာနအနေနဲ့ အမှိုက်သိမ်းရာမှာ လုပ်ငန်းတွင်ကျယ်ဖို့အတွက် ရပ်ကွက်တွေမှာ လက်ရှိအသုံးပြုနေတဲ့ လက်တွန်းလှည်းတွေအစား အမှိုက်သိမ်းသုံးဘီးဆိုင်ကယ်တွေပြောင်းလဲအသုံးပြုသွားမယ်လို့သိရပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနကပြောင်းလဲအသုံးပြုသွားမယ့် အမှိုက်သိမ်းသုံးဘီးဆိုင်ကယ်တွေကို ရန်ကုန်အရှေ့ပိုင်း ခရိုင်ရှိ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊မြောက်ဥက်္ကလာမြို့နယ်၊ရွှေပေါက်ကံမြို့နယ်၊တောင်ဥက်္ကလာမြို့နယ်နဲ့သင်္ဃန်းကျွန်း မြို့နယ်တွေအတွက်(၄၅)စီး၊ရန်ကုန်တောင်ပိုင်းခရိုင်ရှိ သာကေတမြို့နယ်၊ဒေါပုံမြို့နယ်၊ဒလမြို့နယ် နဲ့ဆိပ်ကြီးခနောင်တိုမြို့နယ်တွေအတွက်(၁၅)စီး၊ရန်ကုန်မြောက်ပိုင်းခရိုင်ရှိ လှိုင်သာယာမြို့နယ် အပိုင်း(၁) ၊လှိုင်သာယာမြို့နယ်အပိုင်း(၂)၊ရွှေပြည်သာမြို့နယ်၊အင်းစိန်မြို့နယ်နဲ့မင်္ဂလာဒုံမြို့နယ်တွေအတွက် (၃၅)စီး နဲ့ မော်တော်ယာဉ်ဌာနခွဲအတွက် အရံ(၈)စီး စုစုပေါင်း(၁၀၃)စီးပြောင်းလဲအသုံးပြုသွားမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက အမှိုက်သိမ်းသုံးဘီးဆိုင်ကယ်တွေအတွက်တင်ဒါခေါ်ယူရာမှာFISCA Co,Ltd က ဆိုင်ကယ်တစ်စီးကို တစ်ဆယ့်လေးသိန်း ရှစ်သောင်း ရှစ်ထောင်နဲ့တင်ဒါရရှိခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ အမှိုက်သိမ်းသုံးဘီးဆိုင်ကယ်တွေအတွက် လိုင်စင်လျှောက်ထားဆဲဖြစ်ပြီး လိုင်စင်ရရှိပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနကို လွှဲပြောင်းပေးသွားမယ်လို့သိရပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနက အမှိုက်သိမ်းသုံးဘီးဆိုင်ကယ်တွေကို စမ်းသပ်အသုံးပြုသွားမှာဖြစ်ပြီး လုပ်ငန်းတွင်ကျယ်ပါက သက်ဆိုင်ရာတွေနဲ့ညှိနှိုင်းပြီး အမှိုက်သိမ်းသုံးဘီး ဆိုင်ကယ်တွေထပ်တိုးသွားမယ်လို့သိရပါတယ်။


09 Jun 2017     1,333 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS