BEC-TERO TV

စက်ဘီးရှေ့ခြင်းအတွင်းထည့်ထားတော့ အခုလိုပဲ ကံဆိုးရှာတဲ့ ကလေးငယ်

09 Jun 2017     1,402 Views


၈.၆.၂၀၁၇ ရက်နေ့ ညနေ(၄)နာရီ(၁၀)မိနစ်အချိန်တွင် ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမှတ်(၁၈)ရပ်ကွက် ဆိပ်ကမ်းသာလမ်းအတိုင်း မြောက်မှတောင်သို့မောင်းနှင်လာသောယာဉ်မောင်းအောင်မျိုးဌေး(၂၁)နှစ်(ဘ)ဦးဌေးဝင်း
မောင်းနှင်လာသော 6B-7857 နစ်ဆန်းဒီဇယ်အပြာရောင်ကွန်တိန်နာယာဉ်သည် ငွေလွင်ဦးသဲကွင်းရှေ့အရောက်တွင်
မခင်မျိုးနွယ်(၃၀)နှစ်(ဘ)ဦးမြင့်စိုး မပတ/မရှိ ဗမာ/ဗုဒ္ဓစက်ချုပ်/အမှတ်(၆၁)သမာဓိလမ်းသွယ် အမှတ်(၁၈)ရပ်
ကွက် ရွှေပြည်သာမြို့နယ်နေထိုင်သူ စီးနင်းလာသောစက်ဘီးအား တိုက်မိသဖြင့် စက်ဘီးမှာပျက်စီးပြီး စက်ဘီး
၏ရှေ့ခြင်းအတွင်းလိုက်ပါလာသော မခင်မျိုးနွယ်၏သမီးဖြစ်သူ မေဇင်ဖြိုး(၂)နှစ်(ဘ)ဦးထက်ဖြိုး မှာကားဘီးအောက်
ရောက်ရှိ၍ ကြိတ်မိရာ ဦးခေါင်းပွင့်ထွက် ဒဏ်ရာဖြင့် နေရာတွင်သေဆုံးသွားခဲ့သည်။


သေဆုံးသူ မေဇင်ဖြိုး၏ရုပ်အလောင်းကို ပါရမီရှင်နိဗ္ဗာန်ယာဉ်ကားဖြင့် ညနေ(၅)နာရီခွဲ အချိန်တွင်အင်းစိန်
ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။အမှုဖြင့်ပတ်သတ်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ
အောင်မျိုးဌေး(၂၁)နှစ်(ဘ)ဦးဌေးဝင်း ၈/ရနခ(နိုင်) ၁၄၇၃၄ ၅ ဗမာ/ဗုဒ္ဓ/အမှတ်မသိ/(က/၇)လမ်း/မြို့သစ်ရပ်ကွက် အင်းစိန်မြို့နယ်နေထိုင်သူအား မြောက်ပိုင်းခရိုင်နယ်မြေ(၁)ယာဉ်ထိန်းတပ်ဖွဲ့ ယာဉ်မှုစစ် ရဲအုပ်ဇော်ဇော်လတ်မှ တရား
လိုပြု၍ တိုင်ကြားရာ ရွှေပြည်သာမြို့မရဲစခန်းမှ ယာဉ်(ပ)၁၂/၂၀၁၇ ယာဉ်မှုပုဒ်မ ၃၀၄(က)/၂၇၉ ဖြင့်အမှုဖွင့်လှစ်
ကာ အရေးယူဆောင်ရွက်လျှက်ရှိသည်။

Source :မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း(MCRA)


09 Jun 2017     1,402 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS