BEC-TERO TV

လေးဖြူကိုယ်ပေါ်က သိန်းငါးရာကျော်တန် တက်တူး

02 Jun 2017     2,830 Views


နာမည်ကျော် IC အဖွဲ့မှ ရော့ခ်အဆိုတော် တစ်ဦးဖြစ်တဲ့ လေးဖြူရဲ့ခန္ဓာကိုယ်အပေါ်ဘက်ခြမ်းမှာ ထိုးထားတဲ့ တက်တူးဟာ ဒေါ်လာ ငါးသောင်း (မြန်မာငွေ ကျပ်သိန်း ၅၀၀ ကျော်ခန့်) ပေးရတယ်လို့ Yangon News သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

အဆိုပါ တက်တူးကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ သွားရောက်ဖျော်ဖြေရင်း နာမည်ကြီး Japan Tattoo Art Studio တစ်ခုမှာ ထိုးခဲ့တာဖြစ်ပါတယ်။ ယင်းတက်တူးအတွက် စုစုပေါင်း ဒေါ်လာ ငါးသောင်းတိတိ ကုန်ကျခဲ့ပြီး တက်တူးဒီဇိုင်းခတွင်ပင် ဒေါ်လာ တစ်သောင်းခွဲခန့် ပေးခဲ့ရတယ်လို့ IC အဖွဲ့ရဲ့ တီးဝိုင်းမန်နေဂျာ ခြောက်ကြိုးကဝေ ဂျောက်ကြီး (မေတ္တာလှိုင်း) ကပြောကြားထားတယ်လို့ Yangon News စာမျက်နှာမှာ ဖော်ပြထားပါတယ်။

IC ပရိသတ်တွေက လေးဖြူရဲ့တက်တူးကို မြင်ချင်နေကြပြီမလား? ကိုလေးဖြူ တကယ် သိန်းငါးရာကျော်တန် တက်တူးထိုးထားတယ်လို့ ထင်ကြလား?

Source : Yangon News


02 Jun 2017     2,830 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment